လမ်းမများပေါ်ထွက်ပြီး ဆန္ဒပြနေကြသောပြည်သူများကို မြန်မာအကြမ်းဖက်စစ်တပ်က ကျည်ဆန်အစစ်များသုံး ပြီး ရက်ရက်စက်စက်ဖြိုခွဲနေချိန်နှင့်တပြိုင်တည်း ဆိုရှယ်မီဒီယာများပေါ်တွင်လည်း တိုက်ပွဲများအပြိုင်အဆိုင် ဆင်နွှဲနေကြလေသည်။ မြန်မာစစ်ကောင်စီသည် သူ၏အတိုက်အခံပြိုင်ဘက်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အကောင့်အတုများအသုံးပြုကာ ရွေးကောက်ပွဲမဲသမာမှုများမှ တိုင်းပြည်ကိုကယ်တင်ရန် နိုင်ငံတော်အာဏာသိမ်း ယူခဲ့ခြင်းဖြစ်သည်ဟူသောမက်ဆေ့ချ်ကို လူထုကြားထဲဖြန့်ဝေလျက်ရှိသည်ဟု ၎င်းတို့နှင့်ပတ်သက်ပြီး နားလည် သူ ၈ ဦးကပြောသည်။

အွန်လိုင်းပလက်ဖောင်းတွင် Facebook ကို မြန်မာနိုင်ငံမှလူအများဆုံးအသုံးပြုလေ့ရှိသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာစစ်တပ်ကို Facebook မှ အသုံးပြုခွင့်ပိတ်ပင်ခဲ့သည်။

စစ်တပ်အတွင်းသို့ သတင်းအချက်အလက်အမှားများ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ချီနိုင်ရန်အတွက် ထောင်နှင့် ချီသော စစ်သားများကို မြန်မာစစ်တပ်ကတာဝန်ပေး ဦးစီးဆောင်ရွက်စေခဲ့သည်” ဟု ပြည်သူများထံမှ သိရ သည်။ ၎င်းတွင် စစ်တပ်သတင်းရင်းမြစ်လေးခုလည်း ပါဝင်သည်။

မြန်မာစစ်တပ်သည် ဆိုရှယ်မီဒီယာနည်းပညာ၏ကျယ်ပြန့်မှု နှင့် ခရီးတွင်မှုကိုအသုံးချပြီး စစ်တပ်၏ဝါဒဖြန့်ချိမှု တွင် အစိတ်အပိုင်းတခုအနေဖြင့်အသုံးပြုလေ့ရှိသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ လူထုအကြား စစ်တပ် ဩဇာပျံနှံ့ရန် ၊ သဘောထားကွဲလွဲသူများကိုစောင့်ကြည့်ရန် နှင့် ထိုသူတို့အားသစ္စာဖောက်များအဖြစ် အွန်လိုင်း တွင် တိုက်ခိုက်ရန် ဖြစ်သည်ဟု မြန်မာပြည်သူများက ရိုက်တာသို့ပြောသည်။

Òစစ်သားတွေကို အကောင့်တုအများကြီး လုပ်ခိုင်ထားတယ်။ ဘယ်လိုအကြောင်းအရာနဲ့ပတ်သက်တဲ့ပို့စ်မျိုး တင်ရ မယ်ဆိုတာကို တခါတည်းညွှန်ကြားပြီးသားပဲÓ ဟု မိမိသဘောဆန္ဒဖြင့် မြန်မာစစ်တပ်မှ ဖေဖော်ဝါရီလ ကုန်ပိုင်း လောက်တွင်ထွက်ခွာလာခဲ့သူ ဗိုလ်ကြီးညီသုတက ပြောသည်။ မြန်မာစစ်တပ်က အွန်လိုင်းလှုပ်ရှားမှုများ ကို စောင့်ကြည့်လျက်ရှိနေပြီး အာဏာသိမ်းမှုဆန့်ကျင်သူများကိုခြေရာခံနိုင်ရန် အွန်လိုင်းပေါ်က အုပ်စုများ နှင့်ပူးပေါင်းကာ အသွင်ယူလေ့ရှိသည်ဟု ပြောသည်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သောအဆိုပါအမျိုးသားသည် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင်မပါဝင် သေးခင်အချိန်အထိ မင်းအောင်လှိုင်အတွက်မိန့်ခွန်းများရေးသားကာ မြန်မာစစ်တပ်၏ ဝါဒဖြန့်ချိရေး လှုပ်ရှားမှု တွင် ပါဝင်ခဲ့သူဖြစ်သည်။

မြန်မာစစ်တပ်၏အွန်လိုင်းနည်းဗျူဟာများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ပေးရန် တပ်မတော် ပြောရေး ဆိုခွင့်ရှိသူကို ရိုက်တာသတင်းဌာနမှ ထပ်ခါထပ်ခါတောင်းဆိုခဲ့သော်လည်း ပြန်လည်တုန့်ပြန်ခဲ့ခြင်း မရှိပေ။ စက် တင်ဘာလတွင် တပ်မတော်ပိုင်မြဝတီရုပ်မြင်သံကြားမှတဆင့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူက မီဒီယာအုပ်စုများ နှင့် အတိုက်အခံတက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်၍ သတင်းမှား သတင်းတုများ ဖြန့်ချိလျက်ရှိသည်ဟု စွပ်စွဲခဲ့သည်။

ယခုဆောင်းပါးအတွက် သတင်းအချက်အလက်များစုဆောင်းသည့်အခါ မိမိသဘောဆန္ဒဖြင့်မြန်မာစစ်တပ်မှ ထွက်ခွာလာခဲ့သူ ဗိုလ်ကြီး ညီသုတ နှင့် ဗိုလ်ကြီး ဟိန်းထက်အောင် တို့မှလွဲ၍ ဆိုရှယ်မီဒီယာနှင့်ပတ်သက်ပြီး တတ်ကျွမ်း နားလည်သူ အခြား ၈ ဦးက စစ်တပ်၏ လက်တုန့်ပြန်မှုကိုစိုးရိမ်သောကြောင့် ၎င်းတို့ နာမည်များ ထုတ်ဖော်မပြောဖို့ ရိုက်တာသို့တောင်းဆိုခဲ့သည်။ ဗိုလ်ကြီး ဟိန်းထက်အောင်သည် ဧပြီလတွင် မြန်မာစစ်တပ်ကို စွန့်ခွာခဲ့သည်။

တပ်မတော်ဟုလူသိများသောမြန်မာစစ်တပ်သည် လမ်းမများပေါ်ကဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲနေသော် လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မဲမသမာမှုများဖြစ်ပွားခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး နိုင်ငံ တော်အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းပြီး ၉ လ ကြာပြီဖြစ်သည့်တိုင် အွန်လိုင်းပေါ်တွင်ဝါဒဖြန့်ချိ လျက်ရှိနေပြီး ၎င်းတို့၏စည်းရုံးလှုပ်ရှားမှုများကို အွန်လိုင်းပေါ်တွင် တွန်းအားပေးလျက်ရှိသည်။ နိုင်ငံတကာရွေး ကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲသည် တရားမျှတသောရွေးကောက်ပွဲဖြစ် သည်ဟု မေလအစီရင်ခံစာတွင် ဖော်ပြထားသည်။

Facebook ၊ YouTube ၊ TikTok ၊ Twitter နှင့် Telegram အပါအဝင် ဆိုရှယ်မီဒီယာများတွင် မြန်မာစစ်တပ်မှ အရာရှိ ၂၀၀ ခန့်သည် ၎င်းတို့ကိုယ်ရေးကိုယ်တာအသုံးပြုသောအကောင့်များမှတဆင့် ရွေးကောက်ပွဲတွင် မဲ မသမာမှုများ ရှိခဲ့ကြောင်း နှင့် အာဏာသိမ်းမှုဆန့်ကျင်သူများကို သစ္စာဖောက်များအဖြစ်စွပ်စွဲထားသည့် ဆိုရှယ် မီဒီယာပိုစ့်များ ၊ ဗီဒီယို နှင့် မက်ဆေ့ချ်များ ၂၀၂၁ ခုနှစ်အတွင်း ထောင်နှင့်ချီပြီးရှိခဲ့ကြောင်း ရိုက်တာမှ ပြန်လည် သုံးသပ်တွေ့ရှိခဲ့ပါ သည်။

အမှုပေါင်း ၁၀၀ ကျော်ကိုစစ်ဆေးခဲ့ရာတွင် ဗီဒီယို နှင့် မက်ဆေ့ချ်များကို မိနစ်အနည်းငယ်အတွင်း ဒါဇင် ပေါင်းများစွာသော အကောင့်များအပါအဝင် မြန်မာနာမည်ကျော်များ၏အမည်များဖြင့်အသုံးပြုနေသောဂရုများ ၊ အားကစား ချန်နယ်များ နှင့် သတင်းအတုများဖြန့်ချီရန်သီးသန့်အသုံးပြုသောသတင်းဌာနများက ကူးယူဖြန့်ချိ လျက်ရှိကြောင်း အွန်လိုင်းခြေရာခံ Crowdtangle မှ အချက်အလက်များပြသခဲ့သည်။

၎င်းပို့စ်များသည် စစ်တပ်ဆန့်ကျင်သူများကို “နိုင်ငံတော်ရန်သူ” ၊ “အကြမ်းဖက်သမား” ဟူ၍ မကြာခဏရည်ညွှန်း လေ့ရှိပြီး စစ်တပ် ၊ နိုင်ငံတော် နှင့် ဗုဒ္ဓဘာသာကိုဖျက်ဆီးချင်ကြသူများ စသဖြင့် အမျိုးမျိုးပြောဆိုကြသည်။

အတိုက်အခံတက်ကြွလှုပ်ရှားသူအများအပြားသည် အလားတူနည်းလမ်းအချို့ကိုအသုံးပြူပြီး အဖွဲ့ဝင်ရာ ထောင် ချီ အားဖြည့်ရန် အကောင့်ပွားများဖန်တီးခြင်းနှင့် စစ်တပ်ဆန့်ကျင်ရေးလမ်းကြောင်းသစ်များဖန်တီးနေကြောင်း တက်ကြွလှုပ်ရှားသူလေးဦး၏ သုံးသပ်ချက်အရသိရသည်။

၎င်းနည်းပရိယာယ်များသည် ကမ္ဘာတဝှမ်းအများအပြားရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်ဩဇာလွှမ်းမိုးနိုင်ကြောင်း ရိုက်တာသတင်းဌာနမှတွေ့ဆုံမေးမြန်းခဲ့သော သုတေသီလေးဦး၏ပြောကြားချက်အရ သိရပါသည်။ ဆက်လက် ပြီး ၎င်းတို့က မြန်မာပြည်သူအများစုသည် သတင်းအချက်အလက်များရရှိရာတွင် သတင်းဌာနများမှ တိုက်ရိုက် ရရှိခြင်းထက် ဆိုရှယ်မီဒီယာများမှတဆင့် အများဆုံးရရှိလေ့ရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံလူဦးရေ ထက်ဝက် ကျော်က Facebook ကိုပုံမှန်အသုံးပြုနေကြသည်။

ကြည်ဖြူစံ

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.