မော်လမြိုင်၊ နိုဝင်ဘာ ၆

ချင်းပြည်နယ်အတွင်း၌ ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ရပ်တန့် ပေးနိုင်ဖို့ ကုလသမဂ္ဂလုံခြုံ‌ရေးကောင်စီပါဝင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ‌ကျော်က တောင်းဆိုထားပါသည်။ 

ဒေသတွင်း မီဒီယာ၊ မျက်မြင်သက်သေများနှင့် ကုလသမဂ္ဂ စသည့်တို့အစီရင်ခံမှုများအရ ချင်းပြည်နယ်တွင် စစ်သုံး အကြီးစားလက်နက်များကို တပ်ဆင်ကာ တပ်ဖွဲ့ဝင်များကို အင်အားဖြည့်တင်းလာနေကြောင်း သိရှိရပြီး ၎င်းအ‌ခြေအနေသည် မြန်မာ့တပ်မတော်သည် ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှ ဖွဲ့စည်းလာကြသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ချေမှုန်းရန်အတွက်ဖြစ်သည်ဟု ထင်မြင်ယူဆစရာ ကောင်းသည်။ 

အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ချင်းပြည်နယ်အတွင်းတွင် ပိုမိုကျယ်ပြန့်သော အကြမ်းဖက်မှုများ ဆောင်ရွက်မှု မပြုနိုင်ခင်တွင် လုံခြုံရေးကောင်စီအနေဖြင့် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်နှင့် ဥပဒေတစ်ရပ်ပြဌာန်းဖို့ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၅၂၁ ဖွဲ့၏ ကိုယ်စား Human Rights Watch က ‌ကြေငြာချက်တစ်ရပ် ထုတ်ပြန်ထားပါသည်။ 

မျက်မြင်သက်သေများ၊ အကူအညီပေးရေးအဖွဲ့များနှင့် ‌ဒေသတွင်း မီဒီယာများ၏ ပြောကြားချက်အရ ထန်တလန်မြို့အတွင်း အိုးအိမ်များနှင့် ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရသလို ထန်တလန် အခြေစိုက် Save the Children ရုံးသည်လည်း မီးရှို့ခံခဲ့ရသည်ဟု သိရှိရသည်။ 

ချင်းပြည်နယ်အတွင်းရှိ အခြေအနေများအပေါ် စစ်အစိုးရ အနေဖြင့် မှတ်ချက်ပေးခြင်းမရှိပါ။ 

ရိုက်တာသတင်းဌာန‌အနေဖြင့်လည်း အင်တာနက်နှင့် အခြားဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံ ထားရသည့ရသည့် ထိုဒေသအတွင်း လက်ရှိ ဖြစ်ပေါ်နေသော အ‌ခြေအနေများနှင့်ပတ်သက်၍ သတင်းအစီရင်ခံနိုင်ဖို့ လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ထန်တလန်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသူ အသက် ၂၈ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးက ၎င်းမြို့မှလာ သည့် သတင်းတစုံတရာ ကြားသိခြင်းမရှိပါဟု ပြောကြားခဲ့သည်။ 

“ထန်တလန်အကြောင်း update အခြေ‌အနေတွေ အခုထိ ကျွန်တော်တို့ ဘာမှမသိရသေးပါဘူး။ အင်တာနက်က မ‌နေ့ မနက်ကတည်းဖြတ်ထားတာ၊ အခုထိ ဘာ connection မှမရ‌သေးပါဘူး” ဟု အဆိုပါချင်းအမျိုးသားက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂလူ့အခွင့်အ‌ရေးကောင်စီအနေဖြင့် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သော အခြေပြအစီရင်ခံမှုတွင် လုံခြုံ‌ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့မှုများက ချင်းပြည်နယ်သာမက အိမ်နီးချင်း ဖြစ်သည့် မကွေးနှင့် စစ်ကိုင်းတိုင်းများတွင်ပါ ပြင်းထန်လာခဲ့သည်ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.