မနီလာ၊ နိုဝင်ဘာ ၄

နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားဆောင်ရွက်နေသောကြောင့် ဒေသန္တရအစိုးရအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးနှံရေး သတ်မှတ်ချက်များကို ပြည့်မီအောင် ပျက်ကွက်ပါက အပြစ်ပေးခံရမည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အာရှတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အဆိုးရွားဆုံးကပ်ဘေးကို ရင်ဆိုင်ရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ် သည့် ဖိလစ်ပိုင်နိုင်ငံသည် ယခုအချိန်တွင် ကာကွယ်ဆေးထိုးနှံနိုင်သော လူဦးရေ ၇၇ သန်း၏ သုံးပုံတစ်ပုံကျော် အထိ အပြည့်အဝထိုးနှံခြင်းများကို ဆောင်ရွက်ထားရှိပြီဖြစ်သည်။ 

နိုင်ငံတွင် ကာကွယ်ဆေးအရေအတွက် အလုံအလောက်ရှိနေသောကြောင့် တစ်နေ့လျှင် အနည်းဆုံး ပျမ်းမျှ (လူဦးရေ) ငါးသိန်းမှ တစ်သန်းအထိ ကာကွယ်ဆေးထိုးနှံခြင်း မပြုနိုင်သည်နှင့်ပတ်သက်သော အကြောင်းပြချက် မယ်မယ်ရရ ရှိမနေပါဟု မစ္စတာဒူတာတေးမှ ပြောကြားခဲ့သည်။ 

ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော မစ္စတာဒူတာတေး၏ မိန့်ခွန်းတွင် “ကျွန်ုပ်တို့ ကာကွယ်ဆေးထိုးနှံရေး အစီအစဥ်ရဲ့ ခြုံငုံချက်ကို ထုတ်နုတ်လိုက်ချိန်မှာ အမှားတွေကို တွေ့နေရပါတယ်။ အဲ့ဒီအတွက် ကျွန်တော် မကျေနပ်နိုင်ပါ”ဟု ပါရှိသည်။ မစ္စဒူတာတေးသည် ကာကွယ်ဆေးထိုးနှံရေးအတွက် ပျက်ကွက်သော ဒေသန္တရအာဏာပိုင်များ /တာဝန်ရှိသူများ အနေဖြင့် ဒဏ်ခတ်အရေး ယူခံရနိုင်ပြီး တာဝန်ခံရမည်ဟု ပြောကြားခဲ့သော်လည်း ပြစ်ဒဏ်များ ကို တိတိကျကျရှင်းလင်းခဲ့ခြင်းမရှိပါ။ 

ဖိလစ်ပိုင်အစိုးရသည် ဗုဒ္ဓဟူးနေ့မှ စတင်၍ ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးနေပြီး မြို့တော် ဧရိယာများအတွင်းတွင် ညမထွက်ရအမိန့်ကို ရုတ်သိမ်းထားခဲ့သည်။

မစ္စတာ ဒူတာတေးအနေဖြင့် သက်ဆိုင်ရာ ဒေသန္တရများသို့ ကာကွယ်ဆေးများကို ဖြန့်ဝေနိုင်ရန် လေယာဥ်များနှင့် ရဟတ်ယာဥ်များကို အသုံးပြုဖို့ ရဲတပ်ဖွဲ့ နှင့် စစ်ဘက်ဌာနများသို့ ပြောဆိုခဲ့သည်။ 

ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ အစိုးရ၏ သိုလှောင်ရုံများရှိ ကာကွယ်ဆေး ၁၀၈ သန်းအနက် သန်း ၄၀ သည် ဝေးလံကျွန်းစုမျာ သို့မဟုတ် ဒေသန္တရ ကျန်းမာရေးရုံးများတွင် အသုံးပြုနိုင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်သည် ဟု ပါရှိသည်။ 

ဖိလစ်ပိုင်အစိုးရသည် လူဦးရေ၏လေးပုံတစ်ပုံကို ကာကွယ်ဆေးအပြည့်အဝထိုးနှံနိုင်ရုံမျှဖြင့် ကန့်သတ်ချက်များ ကို လျှော့ချပေးခဲ့ပြီး အဆိုပါဖြေလျှော့မှုတွင် အားကစားခန်းမများနှင့် ရုပ်ရှင်ရုံများ ကို ပြန်လည်ဖွင့်လှစ်ခြင်းတို့ ပါဝင်သည်။ 

ဖိလစ်ပိုင် အစိုးရသည် ဒေသန္တရအစိုးရအဖွဲ့များကို ကာကွယ်ဆေးထိုးနှံရေးကို လျင်လျင်မြန်မြန် ဆောင်ရွက် နိုင်ရန် ဖိအားပေးမည်ဖြစ်ပြီး ပြည်သူအများ ကာကွယ်ဆေးထိုးနှံရေးအတွက် တွန်းအားပေးနိုင်ရန် ငွေသားဆု လက်ဆောင်များလည်း ပေးအပ်သွားမည်ဟု ကျန်းမာရေးဌာန၏ တာဝန်ရှိသူ Dr Cabotaje က ပြောကြားခဲ့ သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.