October 2021

လာအိုတွင် မူးယစ်ဆေးပြား ၅၅ သန်းဖမ်းမိ၊ အာရှတွင်အများဆုံးပမာဏဖြစ်

ဗီယန်ကျင်း၊ အောက်တိုဘာ ၂၈ အာရှတိုက်တွင် အကြီးမားဆုံးသော ပမာဏဖြစ်သည့် မူးယစ်ဆေးပြား ၅၅ သန်းကို လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသမှာ လာအိုရဲတွေက ဖမ်းမိခဲ့ပါတယ်လို့ ထိုင်းလုံခြုံရေးအရာရှိနှစ်ဦးက အတည်ပြုပါတယ်။ ဒီအရေအတွက်ဟာ အာရှတိုက်မှာ အများဆုံးသော ပမာဏဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မက်ဖာတမင်းဆေးပြား ၅၅ သန်းကျော်နှင့် မက်ဖာမင်းဆေးရည် ၁.၅ တန်ကို ဘီယာသယ်ဆောင်သည့်ကားအတွင်း သယ်ဆောင်လာခဲ့ပြီး ထိုင်းနှင့်…

ထိုင်းနိုင်ငံဖူးခက်တွင် ကျင်းပမည့် နှစ်သစ်ကူးပွဲတော်တွင် Lisa ပါဝင်နိုင်မည်မဟုတ်

ဘန်ကောက်၊ အောက်တိုဘာ ၂၈ Backpink အဖွဲ့ဝင် ထိုင်းနိုင်ငံဖွား အဆိုတော် လာလီဆာ “လီဆာ” မာနိုဘန်က သူမ၏ မွေးရပ်မြေမှာ ကျင်းပမည့် နှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဖျော်ဖြေနိုင်တော့မည် မဟုတ်ကြောင်း ၎င်းအဖွဲ့၏ စီမံရေးအေဂျင်စီ ဖြစ်သည့် YG Entertainment က ထုတ်ပြန်ကြေငြာခဲ့သည်။ အင်္ဂလိပ် နှင့် ထိုင်း နှစ်ဘာသာဖြင့် ဖော်ပြထားသော အကျဥ်းချုပ်ထုတ်ပြန်ချက်တွင် လာလီဆာ…

အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံဝင်ရောက်ခွင့်များကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဘန်ကောက်၊ အောက်တိုဘာ ၂၇ ၃၈ကြိမ်နှင့် ၃၉ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာသည် ထိုင်းနိုင်ငံ၏ ခြေလှမ်းများအတိုင်း လိုက်ပါဆောင်ရွက်ရန်၊ ဒေသအတွင်း စီးပွားရေးကို ပြန်လည် ဦးမော့အောင်ဆောင်ရွက်ဖို့ ပြန်လည်ဖွင့်လှစ်ရန်နှင့် အာဆီယံအဖွဲ့အစည်း၏ ကိုဗစ် ၁၉ တုံ့ပြန်မှုကိုလည်း မြင်သာအောင် အကောင်ထည်ဖောင်ဆောင်ရွက်ခြင်းကို သေချာစေနိုင်ရန်အတွက် အာဆီယံဖွဲ့ဝင် နိုင်ငံများကို တိုက်တွန်းခဲ့ပါသည်။ ဝန်ကြီးချုပ်ပရရွတ်က အာဆီယံခေါင်းဆောင်များသို့ ပြောကြားရာတွင် ကိုဗစ် ၁၉…

ထိုင်း – မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်ပြင်ဆင်နေ

ပြီးခဲ့သောရက်သတ္တပတ်အတွင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက် နှင့် ဌာန ပေါင်းစုံမှတာဝန်ရှိသူများပါဝင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ လာရောက်ခဲ့ သည်။ ချိုလက်၏ခရီးစဥ်အတွင်း မြန်မာ့အရေးအပါအဝင်ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စ ရပ်များကို အာဆီယံဒေသတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂ ရက်ကြာသွားရောက်ခဲ့သော ချိုလက်၏ခရီးစဥ်တွင် ထိုင်း – မြန်မာနယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အမေရိကန် နှင့် ထိုင်း…

စင်ကာပူနိုင်ငံသား Noeleen Heyzer ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလအတွင်းရေးမှူးချုပ်ခန့်အပ်

ရန်ကုန်၊ အောက်တိုဘာ ၂၆ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က စင်ကာပူနိုင်ငံသား Noleen Heyzer ကို မြန်မာနိုင်ငံဆိုင်ရာ UN ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်းဟု (အောက်တိုဘာ ၂၅) ရက်နေ့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရှိပါသည်။ ကုလသမဂ္ဂ အကြီးတန်း သံတမန် ဒေါက်တာ Heyzer ကို ယခုသီတင်းပတ်တွင် သက်တမ်းကုန်ဆုံးမည့် အချိန်…

ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ မဝင်ရောက်ဖို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီနေသူတွေ တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) ထိုင်းနိုင်ငံက စည်းကမ်းတွေ တင်းကြပ်ထားတဲ့အတွက်ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်တာတွေ မလုပ်ကြဖို့ အလုပ်သမားအရေး ကူညီနေသူတွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံဘက်ကို ပွဲစားတွေကတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ အတွက်ကြောင့် နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကတော့ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပြီး နယ်စပ်ကျော်ဖြတ်…

ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လို့ အရှုံးပေါ်မှာကို ဆားတောင်သူတွေ စိုးရိမ်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်နေတဲ့အတွက်ကြောင့် လာမယ့် ဆားထွက်ရာသီမှာ အရှုံးနဲ့ရင်ဆိုင်ရမှာကို ဆားတောင်သူတွေ စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အဓိက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနှစ်ဆားရာသီမှာတော့ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကြီးမြင့်လာလို့ ဆားတောင်သူ အများစု…

စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ထားဝယ်က လူငယ်နှစ်ဦး တစ်ရက်အကြာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိ ရေဝိုင်းတောလမ်းတစ်နေရာမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပြီးနောက် တစ်ရက်အကြာမှာ လူငယ် ၂ ဦး သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူ ၂ ဦးမှာ ထားဝယ်မြို့၊ ဥတ္တရံ ရပ်ကွက်နေ ကိုထက်ဝေနိုင် ၂၂ နှစ်နဲ့ကိုသန်းစိုးဦး ၂၃ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လူငယ် ၂…