October 30, 2021

အောင်မြင်စွာပြီးဆုံးသွားသောအာဆီယံအစည်းအဝေးနှင့် မပြေလည်နိုင်သေးသော မြန်မာ့အရေး

မြင်သာထင်သာရလဒ်တချို့ဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကြီး ပြီးဆုံးခဲ့သော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ တိုးတက်မှုအနည်းငယ်သာရှိခဲ့သည်။ အမေရိကန် – တရုတ်ပြိုင်ဆိုင်မှု အရိပ်အောက်က အာဆီယံသည် ၎င်း၏ ဆက်စပ်ပတ်သက်မှုကို ထိန်းသိမ်းရန်ကြိုးစားနေရသည်။ ကြာသပတေးနေ့ကထုတ်ပြန်ခဲ့သော ဘရူနိုင်းနိုင်ငံ၏ တရားဝင်ထုတ်ပြန်ချက်တွင် ASEAN Shield ဟုခေါ်ဆိုသော ဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေတုန့်ပြန်မှုများအတွက် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်အပါအဝင် အစည်းအဝေးကာလ ၃ ရက်အတွင်း သဘောတူညီချက်များကို အလေးပေးဖော်ပြထား…

နိုင်ငံရေးမတည်ငြိမ်တဲ့ကာလ ကျောင်းပြန်ဖွင့်မယ့် အစီအစဉ် ကျောင်းသားမိဘတွေ စိုးရိမ်

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) နိုင်ငံရေး မတည်ငြိမ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်မယ့်အပေါ် ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံထဲက မြို့နယ် ၄၆ မြို့နယ်ကလွဲပြီး ကျန် အခြေခံပညာကျောင်းတွေကို နိုဝင်ဘာ ၁ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကျောင်းတွေ အမြန်ဆုံး…

ကိုဗစ်ကပ်ဘေးပြန်လည်နာလန်ထူရေးနှင့် ဒေသတွင်းလူမှုအဖွဲ့အစည်းကို တည်ဆောက်ရေးအတွက် အာရုံစိုက်ရန် ကတိပြုရင်း အာဆီယံ အစည်းအဝေးအဆုံးသတ်

ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၂၉ ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ကိုဗစ် ၁၉ အလွန် ပြန်လည်နာလန်ထူရေးနှင့် ဒေသတွင်း လူမှုအသိုက်အဝန်း ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အထောက်အကူအပြုကြရန် ကတိကဝတ်များချမှတ်၍ အောက်တိုဘာ ၂၈ ရက်နေ့တွင် အနှစ်ချုပ်အဆုံးသတ်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဌ ဘရူနိုင်း ဘုရင် Haji Hassanal…