ဗီယန်ကျင်း၊ အောက်တိုဘာ ၂၈

အာရှတိုက်တွင် အကြီးမားဆုံးသော ပမာဏဖြစ်သည့် မူးယစ်ဆေးပြား ၅၅ သန်းကို လာအိုနိုင်ငံ၊ ရွှေတြိဂံဒေသမှာ လာအိုရဲတွေက ဖမ်းမိခဲ့ပါတယ်လို့ ထိုင်းလုံခြုံရေးအရာရှိနှစ်ဦးက အတည်ပြုပါတယ်။ ဒီအရေအတွက်ဟာ အာရှတိုက်မှာ အများဆုံးသော ပမာဏဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မက်ဖာတမင်းဆေးပြား ၅၅ သန်းကျော်နှင့် မက်ဖာမင်းဆေးရည် ၁.၅ တန်ကို ဘီယာသယ်ဆောင်သည့်ကားအတွင်း သယ်ဆောင်လာခဲ့ပြီး ထိုင်းနှင့် မြန်မာနယ်စပ်ဖြစ်သော ဘိုကိုးမြောက်ပိုင်းမှာ လာအိုရဲတွေက တားဆီးစစ်ဆေးစဉ်ဖမ်းဆီးရခဲ့တယ်လို့ သိရပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှဒေသဒါရိုက်တာ ဂျရယ်မီဒေါက်ဂလပ်ကတော့ အရှေ့အာရှနဲ့ အရှေ့တောင်အာရှသမိုင်းမှာ အများဆုံးတွေ့ရှိတဲ့ မူးယစ်ဆေးဝါးပမာဏဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်အတွက် ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို လာအိုအာဏာပိုင်တွေက မဖြေဆိုခဲ့ပါဘူး။

ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိစပ်နေတဲ့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသတစ်ခုဖြစ်သော ရွှေတြိဂံဒေသဟာ မူးယစ်ဆေးဝါးထုတ်လုပ်မှုအကြီးဆုံးရှိတဲ့နေရာလို့ အများက ညွှန်းဆိုကြပါတယ်။

အဲ့ဒီမှာ မက်ဖါတမင်းအမျိုးအစားအစုံကို အကြီးအကျယ်ထုတ်လုပ်နေပြီး အာရှတိုက်က မူးယစ်ဂိုဏ်းတွေဟာ အဲ့ဒီကနေတဆင့် ဂျပန်နှင့် နယူးဇီလန်ကို ဖြန့်ဖြူးမှုတွေလုပ်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

UNODC ရဲ့ အရှေ့တောင်အာရှဒေသဒါရိုက်တာ ဂျရယ်မီဒေါက်ဂလပ်ကတော့ ဒီမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံတွင်းကို သယ်ဆောင်ဖို့လမ်းကြောင်းကို သွားနေတာဖြစ်ပြီး ဖေဖော်ဝါရီလ အာဏာသိမ်းပြီး နောက်ပိုင်း နယ်စပ်ဂိတ်တွေမှာ ထိန်းချုပ်မှု၏ လျော့ရဲလာတဲ့ ရလဒ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ တြိဂံဒေသနဲ့ မြန်မာနိုင်ငံက ရှမ်းပြည်အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်မှုကျိုးပျက်နေတဲ့ ဖြစ်စဉ်ကို ညွှန်းဆိုနေတာဖြစ်ပြီး ယင်းကနေတဆင့် ဒေသတွင်းအထိ ထိခိုက်မှုဖြစ်လာတာလို့ ဆက်လက်ပြောပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.