ရန်ကုန်၊ အောက်တိုဘာ ၂၆

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်က စင်ကာပူနိုင်ငံသား Noleen Heyzer ကို မြန်မာနိုင်ငံဆိုင်ရာ UN ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်းဟု (အောက်တိုဘာ ၂၅) ရက်နေ့ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရှိပါသည်။ 

ကုလသမဂ္ဂ အကြီးတန်း သံတမန် ဒေါက်တာ Heyzer ကို ယခုသီတင်းပတ်တွင် သက်တမ်းကုန်ဆုံးမည့် အချိန် ၃ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော မစ္စ Christine Schraner Burgener နေရာတွင် အစားထိုး ခန့်အပ် သွားမည်ဖြစ်သည်။ 

အသက် ၇၃ နှစ် အရွယ်ရှိသော ဒေါက်တာ Heyzer ကုလသမဂ္ဂ၌ အကြီးပိုင်းရာထူးများစွာတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အထူးသဖြင့် ၂၀၀၇ နှင့် ၂၀၁၄ ခုနှစ်အတွင်း အာရှ ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင်၏ အကြီးအကဲတစ်ဦးဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်အကြား အရှေ့တီမော၏ အထူး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ဒေါက်တာ Heyzer သည် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးတို့အတွက် အာဆီယံ သာမက မြန်မာအာဏာပိုင်များနှင့်လည်း အနီးကပ် အလုပ်လုပ်ကိုင်ခဲ့သည်။ 

လက်ရှိမြန်မာနိုင်ငံဆိုင်ရာ UN ကိုယ်စားလှယ်က စစ်အစိုးရကို အသိအမှတ်ပြုခြင်းသည် အကြမ်းဖက်မှုကို ရပ်တန့်နိုင်မှာမဟုတ်သလို အဲ့ဒီလို ဆောင်ရွက်ခြင်းကလည်း မတည်ငြိမ်မှုတွေကို ပိုမိုဦးတည်ဖို့၊ ကျရှုံးနိုင်ငံတော် အဖြစ် ကျရောက်သွားစေဖို့ သတိပေးသလိုပါပဲ” ဟု ပြောကြားခြ့သည်။ 

မစ္စခရစ်စတင်းဘာဂနာ၏ ရိုက်တာသတင်းဌာနသို့ ပြောကြားချက်တွင် “ကျွန်မအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း က ဒီအခြေအနေကို လက်မြှောက်အရှုံးပေးမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်၊ ကျွန်မတို့အနေနဲ့လည်း မြန်မာပြည် သူလူထုနဲ့ အတူတူ ရပ်တည်သင့်ပါတယ်” ဟုပါရှိသည်။ 

ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကတည်းက မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာခဲ့ သလို စစ်တပ်အနေဖြင့်လည်း အရပ်သားများကို အင်အားသုံး၍ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်။ သို့ပါသော် လည်း စစ်အစိုးရ ၎င်းမငြိမ်မသက်မှုများကို နောက်ကွယ်အစိုးရနှင့် မဟာမိတ်ပြုထားသည့် အကြမ်းဖက်သမား များဟု ပြောဆိုခဲ့သည်။ 

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်သို့ ဦးတည်နေပြီး ဒီမိုကရေစီနိုင်ငံတော်သို့ ပြန်လည်ရောက်ရှိရန် အခွင့်အလမ်း ပျောက်ကွယ်ရန် မြန်မာစစ်တပ်သည် အပေးအယူ သို့မဟုတ် တွေ့ဆုံဆွေးနွေးရေးတွင် “စိတ်ပါဝင်စားမှု မရှိ” ကြောင်း Ms Schraner Burgener က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကို အမှန်တရားနှင့်ဝေးကွာကြောင်း၊ ကုလသမဂ္ဂအနေဖြင့်လည်း ဘက်လိုက်မှုရှိကြောင်းဟု စစ်ကောင်စီဘက်မှ ချေပတုံ့ပြန်ခဲ့သည်။ 

“တစုံတဦးက စစ်ကောင်စီကို တရားဝင်အစိုးရလို့ လက်ခံလိုက်ရင် အကြမ်းဖက်မှုတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး၊ အကြမ်းဖက်မှုကိုလည်း ရပ်တန့်နိုင်မှာမဟုတ်ပါဘူး” ဟု ခရစ္စတင်းဘာဂနာက မြန်မာစစ်အစိုးရဟု လူသိများသော စစ်ကောင်စီကို ရည်ညွှန်း ပြောဆိုခဲ့သည်။ 

ဆွစ်ဇာလန်နိုင်ငံ၏ သံတမန်တစ်ဦးက (မြန်မာနိုင်ငံအတွင်း) အစုအဖွဲ့အားလုံးအကြားမှာ “မှန်ကန်၊ ရိုးသားတဲ့ ဆွေးနွေးမှု” တစ်ရပ် လိုအပ်ကြောင်း၊ သို့သော်လည်း ထိုအခင်းအကျင်းဖြစ်ပေါ်လာရန်အတွက် မြန်မာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်နေရာမှာ “ပိုမိုပြီး အပြုသဘောဆောင်သော တစုံတဦး”ကို အစားထိုးရမည်ဖြစ်ကြောင်း ဟု ပြောကြားခဲ့သည်။ 

ယနေ့တွင်/ယခုသီတင်းပတ်တွင် အာဆီယံခေါင်းဆောင်များအကြား တွေ့ဆုံရန်ရှိသော်လည်း ဗိုလ်ချုပ် မင်းအောင်လှိုင်အနေဖြင့် တက်ရောက်ခွင့်မရခဲ့ပေ။ ကြားဝင်စွက်ဖက်ခြင်းမပြုဟု လူသိများသော အာဆီယံ အတွက် ယခုဖြစ်ရပ်မှာ ရှားပါးဖြစ်စဥ် တစ်ရပ်ဖြစ်သည်။ 

မစ္စ ခရစ္စတင်းဘာဂနာက “ဒေသတွင်းမှာရှိတဲ့ ဘယ်သူ့ကမှ စစ်ကောင်စီကို အသိအမှတ်ပြုမယ့် စိတ်ကူးမရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလို အသိအမှတ်ပြုဖို့ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံအတွက် ကျရှုံးနိုင်ငံတော်အဖြစ် တွန်းပို့တာဖြစ်သလို၊ မြန်မာနိုင်ငံအတွင်းမှာရော ဒေသန္တရအတွင်းမှာပါ မတည်ငြိမ်မှုတွေ  ဖြစ်ပေါ်ဖို့ ဦးတည်စေမှာပါ” ဟု ပြောကြားခဲ့သည်။ 

ထို့အပြင် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် မည်သူထိုင်မည်ဟူသော ဘက်ပြိုင်တောင်းဆိုမှုများကိုလည်း ၎င်း အဖွဲ့အစည်း (UN) အနေဖြင့် ကြုံတွေ့ခဲ့ရသည်။  

မစ္စ ခရစ်စတင်းဘာဂနာက “စစ်ခေါင်းဆောင်ဘက်က တင်တဲ့လူလား၊ အဖယ်ရှားခံ ရွေးကောက်ခံအစိုးရ ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်တဲ့ လက်ရှိသံအမတ် ဦးကျော်မိုးထွန်းကိုလား … မြန်မာနိုင်ငံအတွက် နယူးယောက်မှာ ဘယ်သူက ကိုယ်စားပြုမလဲ ယခုနှစ်အကုန်မှာ ဆုံးဖြတ်မှာမို့ အဖွဲ့ဝင်နိုင်ငံများရဲ့ ဆုံးဖြတ်ချက် က အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.