မော်လမြိုင် ၊ အောက်တိုဘာ (၁၉)

မတ်လ (၂၇) ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျိုက်ထိုဒေသခံသတင်းထောက် ကိုထက်မြက်သူဟာ ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ သထုံအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ကိုထက်မြက်သူဟာ ကျိုက်ထိုမြို့က မတ်လ (၂၇)ရက်နေ့ ဆန္ဒဖော်ထုတ်မှုကို သတင်းရယူနေစဉ် သေနတ်နှင့် ပစ်ခတ်ခံရပြီး အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ရက်ပေါင်း (၂၀၆)ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဒီကနေ့မှာ အခြားဖမ်းဆီးခံရသူတွေနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဆီယံဖိအားကြောင့် နိုင်ငံတဝှမ်းက ဆန္ဒဖော်ထုတ်မှုတွေမှာ ဖမ်းဆီးခံထားရသူ (၅၆၀၀)ကျော်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြန်လွှတ်ပေးတဲ့အထဲမှာ ဆန္ဒဖော်ထုတ်သူတွေအပြင် နိုင်ငံရေးသမားတွေ ၊ သတင်းထောက်တွေနှင့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.