September 2021

စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်သင်တန်းနဲ့ ထောက်လှမ်းရေး သင်တန်းပေးဖို့ စစ်ကောင်စီ ပြင်ဆင်နေ

မော်လမြိုင်၊ စက်တင်ဘာ ၂၄ မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်အုပ်စုထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေကို အာဏာသိမ်း စစ်ကောင်စီက အခြေခံစစ်ပညာသင်တန်းပေးဖို့ စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်သတင်းဌာနမှ စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ဖွဲ့စည်း​ပေးထားတဲ့ အဖွဲ့တွေ၊ ဗျူစောထီးအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူတွေကို အခြေခံစစ်ပညာသင်တန်းနဲ့ စုံစမ်းထောက်လှမ်းခြင်းသင်တန်းတွေကို ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “ဟိုတလော စစ်တပ်က…

လွတ်လပ်သော အင်ဒို-ပစိဖိတ်ဒေသအတွက် ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံ နီးကပ်စွာလက်တွဲလုပ်ဆောင်ရန် သဘောတူ

တိုကျို၊ စက်တင်ဘာ ၂၄ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ ကြီးထွားလာနေသည့်အတောအတွင်း ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ အခြေအနေကို ပြောင်းလဲစေရန် လုပ်ဆောင်သည့် မည်သည့်တစ်ဖက်သတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ရန် သဘောတူညီကြပြီးဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့အကြား ပုဂ္ဂိုလ်ချင်းတွေ့ဆုံမှုကို ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မြို့တော်၌ ကြာသပတေးနေ့တွင်…

တိုက်ခိုက်ရေးသမား ဖြစ်လာတဲ့ စေတနာ့ဝန်ထမ်း လူငယ်

By နောင်ခန့် စစ်တပ်အာဏာမသိမ်းမီ ကာလမှာတော့ ကိုသန့်စင်လင်းထက်ဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ အသက် (၂၁) နှစ် အသားဖြူဖြူ အရပ်မနိမ့်မမြင့်နဲ့ ကိုသန့်စင်လင်းထက်ဟာ နိုင်ငံရေးကို စိုးစဉ်မျှ စိတ်ဝင်စားသူ မဟုတ်ပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးလို့ အဝေးသင်တက္ကသိုလ်တက်ရောက်ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ…

စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ

မော်လမြိုင်၊ စက်တင်ဘာလ ၂၄ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က လမ်းတံတားဂိတ်ကြေးနဲ့ စည်ပင်ဂိတ်ကြေးတွေသာ ပေးဆောင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် အားလုံးကို ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာလို့ ရတာ ဖြစ်ပါတယ်။ “ဝါးတားဂိတ်တွေ များလာတာပေါ့ဗျာ၊ သူတို့နဲ့ အဆင်ပြေရင် အဆင်ပြေသလိုပေး…

ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ ၂၄ မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေက စစ်ကောင်စီတပ်တွေကို ရုတ်သိမ်း ၊ ကျေးရွာတွေမှာ စစ်ဆေးရေး တင်းကြပ်လာ

ထားဝယ်၊ စက်တင်ဘာ ၂၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် နေရာအချို့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တပ်ပြန်ရုပ်သိမ်းသွားတဲ့လို့ ဒေသခံတွေက ပြောပါတယ်။ ဒေါင်းငူရပ်ကွက်ရုံး၊ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ ကျန်းတိတိတရုတ်ဘုံကျောင်း၊ ဥတ္တံတားကြီးလမ်းဆုံ အပါအဝင် နေရာ ၈ နေရာက တပ်စွဲထားတဲ့နေရာတွေကို ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကြက်စာပြင်ရပ်ကွက်မှာတော့ စစ်ကောင်စီတပ်တွေ နေရာယူထားဆဲ ဖြစ်တယ်လို့…

ကျိုက်ထိုမှာ စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၃ ကျိုက်ထိုမြို့နယ်၊ ကမ်းနီကျေးရွာအနီး ခဝါချောင်းတံတားနဲ့ ဝါးတာဂိတ်အကြားမှာ မနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညနေ ၄ နာရီခန့်မှာ ကင်းပုန်းသိမ်းပြီး ပြန်လာတဲ့ စစ်ကောင်စီကား ၂ စီးကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ “ဖြစ်တာက…

DKBA စစ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး စောစတီးလ် ခန့်အပ်ခံရ

မော်လမြိုင်၊စက်တင်ဘာ ၂၃ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးစောစတီးလ်ကို ခန့်အပ်တာ၀န်ပေးအပ်လိုက်တယ်လို့ ဒီကေဘီအေက ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကေဘီအေရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး သဘောတူညီဆုံးဖြတ်ချက်အရ ဒုတိယစစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးစောစတီးလ်ကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ် တာ၀န်ပေးအပ်လိုက်တာပါ။ အရင် ဒီကေဘီအေစစ်ဦးချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောမိုစေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က…

သံလွင်တိုင်းမ်သည် အများပြည်သူသိပိုင်ခွင့်အတွက်သာ အလုပ်လုပ်နေသည်

အာဏာသိမ်းစစ်အုပ်စုက သံလွင်တိုင်းမ်သတင်းဌာနကို ရှာဖွေ ဖိနှိပ်နေသည်မှာ (၆)လခန့်ရှိနေပြီဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကိုင်အဖွဲ့တွေက သံလွင်တိုင်းမ်၏ ရုံးခန်းဖွင့်လှစ်ခဲ့ရာ ရုံးနေရာကို ရှာဖွေခြင်း၊ သံလွင်တိုင်းမ်၏ တာဝန်ရှိသူအချို့၏ နေအိမ်များကို အကြိမ်ကြိမ်ရှာဖွေခြင်းများကိုလည်း မကြာခဏပြုလုပ်နေခဲ့သည်။ ထို့နည်းတူပင် သံလွင်တိုင်းမ်သတင်းဌာနနှင့် မသက်ဆိုင်သူများကိုပါ ဆက်စပ်ပြီး စုံစမ်းစစ်ဆေးခြင်း၊ လိုက်လံရှာဖွေခြင်း၊ သတင်းမှားလွှင့်ခြင်းများကိုလည်း အာဏာသိမ်းစစ်အုပ်စုနှင့်အတူ ပတ်သက်ဆက်နွယ်သူများကလည်း တောက်လျှောက်ဆောင်ရွက်နေခဲ့သည်။ သံလွင်တိုင်းမ်သတင်းဌာနသည် မြန်မာနိုင်ငံအတွင်း အခြားသော သတင်းဌာနများနည်းတူ…

KNU တပ်မဟာ ၅ မှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုပိုမို လုပ်ဆောင်လာ

မော်လမြိုင်၊ စက်တင်ဘာ ၂၃ ကေအဲန်ယူ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလဆန်းပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ နယ်မြေထဲကို အရင်လတွေထက် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလှုပ်ဆောင်လာတာကြောင့် တိုက်ပွဲတွေနေ့စဉ်လိုလို ဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၂၀…