သရက်ချောင်း၊ စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အစ်အစ်ကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ မနက် ၁၀ နာရီခန့်မှာ မာလကာချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိ မရှိဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

“စစ်တပ်ကား မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရတယ်။ သေဆုံးတာရှိ မရှိတော့ သေချာမသိဘူး။ ပြီးတော့ သူတို့ရွာတွေထဲ ဝင်ရှာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို လမ်းရှင်းပစ်ခတ်သည့်အနေထား ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မာလကာချောင်းရွာနဲ့ပဲဒက်ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းထောင်သွားသူတွေကို လိုက်လံရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.