September 26, 2021

စစ်ကောင်စီခန့်ဝန်ထမ်းတွေက လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ

မော်လမြိုင်၊ စက်တင်ဘာ ၂၆ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံအဖွဲ့တွေက စီးပွား​ရေးလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြီး ငွေကြေး တောင်းခံတာတွေ မကြာခန ပြုလုပ်နေတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရဲ၊ စစ်သားနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေကအစ အောက်ခြေဝန်ထမ်းများပါမကျန် ငွေကြေးတောင်းခံတာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်တွေအထိ ငွေကြေး လာရောက်တောင်းခံပြီး မပေးရင် ခြိမ်းခြောက်မှုတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီနောက်ပိုင်းကနေ ယနေ့အချိန်ထိ…

စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ ၊ ၁၀ ဦးကျော် ဒဏ်ရာရ

သရက်ချောင်း၊ စက်တင်ဘာ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အစ်အစ်ကျေးရွာအုပ်စုမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ မနက် ၁၀ နာရီခန့်မှာ မာလကာချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိ မရှိဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ “စစ်တပ်ကား…

ကျိုက်ထို ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် ဖမ်းဆီးခံရ

ကျိုက်ထို၊ စက်တင်ဘာ ၂၆ ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၎င်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ CDM ဝန်ထမ်းများ၊ PDF များကို ထောက်ပံပေးနေသည်ဆိုသည့် အကြောင်းပြချက်နဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၎င်းနှင့်နီးစပ်သူတွေထံက သိရပါတယ်။ “ညဘက်ကြီးလာပြီး ဖမ်းသွားတယ်လို့ သိရတယ်။ ဘယ်ခေါ်သွားလဲတော့ မသိဘူး။…