မော်လမြိုင်၊ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက စစ်ကောင်စီ သတင်းပေး ဦးကျော်သူထွန်းအား စက်တင်ဘာလ ၂၄ ရက် ညနေ ၆ နာရီခွဲခန့်မှာ သေနတ်နှစ်ချက်ပစ်သတ်ခဲ့တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ထုတ်ပြန်ပါတယ်။

ဦးကျော်သူထွန်းဟာ CDM ဝန်ထမ်းများနှင့်တော်လှန်ရေး တက်ကြွလှုပ်ရှားသူများကို သတင်းပေးနေတဲ့ ဒလံတစ်ဦးဖြစ်တယ်လို့ ရေးမြို့နယ် ကာကွယ်ရေးအထူးတပ်ဖွဲ့က ဆိုပါတယ်။

” အစင်အုပ်ချုပ်ရေးမှူးနောက်တကောက်ကောက်လိုက်နေတဲ့​သူ ဟုတ်တယ်၊ ဒီညနေမှာပဲ သေနတ်ပစ်သတ်ခံထိတာ ကြားတယ်၊ သူနဲ့ရွာလူကြီးက စစ်သားတွေ သိချင်တဲ့ သတင်းတွေ စုံစမ်းခိုင်းတာလုပ်ပေးတယ်။ ရွာမှာဆို သူတို့နှစ်ယောက်က အလိုတူအလိုပါပဲ၊ လူကြီးပိုင်းတွေ လာရင် အပေါ်ဖားအောက်ဖိတဲ့သူမျိုးတွေ။ “ဟု ဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။

အဲဒီ့အပြင် စက်တင်ဘာ ၂၄ရက် ညနေ ၃ နာရီခွဲ အချိန်မှာလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ရဲ့ နေအိမ်ကို ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ YSTF က ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Crd

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.