တိုကျို၊ စက်တင်ဘာ ၂၄

တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ ကြီးထွားလာနေသည့်အတောအတွင်း ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ အခြေအနေကို ပြောင်းလဲစေရန် လုပ်ဆောင်သည့် မည်သည့်တစ်ဖက်သတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ရန် သဘောတူညီကြပြီးဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် Suga Yoshihide နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့အကြား ပုဂ္ဂိုလ်ချင်းတွေ့ဆုံမှုကို ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မြို့တော်၌ ကြာသပတေးနေ့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါဝန်ကြီးချုပ်နှစ်ဦးသည် သောကြာနေ့၌ အိမ်ဖြူတော်တွင်ကျင်းပသော Quad ထိပ်သီးတွေဆုံပွဲတွင် အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျနိုင်ငံ၏ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။  

ဂျပန်ဝန်ကြီးချုပ် Suga က (အိန္ဒိယနိုင်ငံ)သည် ဂျပန်နိုင်ငံအတွက် အရေးကြီးမိတ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြား အခြေခံတန်ဖိုးများကို မျှဝေထားကြသည်ဟု ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် Modi ကလည်း ဂျပန်နိုင်ငံနှင့်ဆက်ဆံရေးသည် အိန္ဒိယနိုင်ငံအတွက်လည်း အရေးကြီးသလို ဒေသတွင်းနှင့် ကမ္ဘာ၏ တည်ငြိမ်ရေးနှင့် အကျိုးစီးပွားအတွက်လည်း အရေးကြီးသည်ဟူ၍လည်း တုံ့ပြန်ပြောဆို ခဲ့သည်။

Suga နှင့် Modi တို့သည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒိုပစိဖိတ်ဒေသတစ်ခုကို အခြားသော Quad အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဖော်ဆောင်ရန်နိုင် နှစ်နိုင်ငံကြား နီးကပ်စွာလက်တွဲလုပ်ဆောင်မည်ဟု အတည်ပြု ပြောကြားခဲ့သည်။

ဂျပန်နှင့် အိန္ဒိယခေါင်းဆောင်းများသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတိုင်းအတာများနှင့် ဒစ်ဂျစ်တယ် နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် နိုင်ငံခြားရေးရာ ဝန်ကြီးများအပါအဝင် “Two-plus-Two” တွေဆုံပွဲကို အစောပိုင်းရက်တွင် ကျင်းပရန်လည်း သဘောတူခဲ့ကြပြီးဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – NHK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.