မော်လမြိုင်၊ စက်တင်ဘာ ၂၄

မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF ဟာ မော်လမြိုင်ကညနရုံးမှာ လိုင်စင်လာမလုပ်ကြဖို့ စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ ဒုတိယအကြိမ် ဗုံးခွဲသတိပေးထားတာ ဖြစ်ပါတယ်။

အဲလို ဗုံးပေါက်ကွဲပြီးနောက် ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာလည်း မော်လမြိုင်ကညနရုံးမှာ ပြည်သူ့အချို့ အစုံအလိုက် အပြုံအလိုက် လိုင်စင်လာလုပ်နေကြတာ ဖြစ်ပါတယ်။

မော်လမြိုင်ကညနရုံးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ထားပါတယ်။
ကညနရုံး ဗုံးဖောက်ခွဲရတာဟာ စစ်ကောင်စီရဲ့ ဝင်ငွေ ရရှိနေမှုကို ဖြတ်တောက်ဖို့ လုပ်ဆောင်ရတာလို့ MPDF က ဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.