September 24, 2021

လွတ်လပ်သော အင်ဒို-ပစိဖိတ်ဒေသအတွက် ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံ နီးကပ်စွာလက်တွဲလုပ်ဆောင်ရန် သဘောတူ

တိုကျို၊ စက်တင်ဘာ ၂၄ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ ကြီးထွားလာနေသည့်အတောအတွင်း ဂျပန်နှင့် အိန္ဒိယနှစ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့၏ အခြေအနေကို ပြောင်းလဲစေရန် လုပ်ဆောင်သည့် မည်သည့်တစ်ဖက်သတ်ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ရန် သဘောတူညီကြပြီးဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် Suga Yoshihide နှင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့အကြား ပုဂ္ဂိုလ်ချင်းတွေ့ဆုံမှုကို ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်မြို့တော်၌ ကြာသပတေးနေ့တွင်…

တိုက်ခိုက်ရေးသမား ဖြစ်လာတဲ့ စေတနာ့ဝန်ထမ်း လူငယ်

By နောင်ခန့် စစ်တပ်အာဏာမသိမ်းမီ ကာလမှာတော့ ကိုသန့်စင်လင်းထက်ဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ အသက် (၂၁) နှစ် အသားဖြူဖြူ အရပ်မနိမ့်မမြင့်နဲ့ ကိုသန့်စင်လင်းထက်ဟာ နိုင်ငံရေးကို စိုးစဉ်မျှ စိတ်ဝင်စားသူ မဟုတ်ပါ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးလို့ အဝေးသင်တက္ကသိုလ်တက်ရောက်ကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ…

စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေ

မော်လမြိုင်၊ စက်တင်ဘာလ ၂၄ အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းယူနေတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရင်က လမ်းတံတားဂိတ်ကြေးနဲ့ စည်ပင်ဂိတ်ကြေးတွေသာ ပေးဆောင်ခဲ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ် အားလုံးကို ငွေကြေးပေးဆောင်ပြီးမှ ဖြတ်သန်းသွားလာလို့ ရတာ ဖြစ်ပါတယ်။ “ဝါးတားဂိတ်တွေ များလာတာပေါ့ဗျာ၊ သူတို့နဲ့ အဆင်ပြေရင် အဆင်ပြေသလိုပေး…

ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန် PDF ထုတ်ပြန်

မော်လမြိုင်၊ စက်တင်ဘာ ၂၄ မော်လမြိုင်မြို့က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှာ ဆိုင်ကယ်လိုင်စင် လာလုပ်သူတွေရဲ့ အသက်အန္တရာယ် တာဝန်ယူတော့မှာ မဟုတ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက လိုင်စင်လာလုပ်သူတွေကို စစ်ကောင်စီအား ကူညီထောက်ပံ့သူတွေအဖြစ် သတ်မှတ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်အတွက် တာဝန်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…