ရန်ကုန်၊ စက်တင်ဘာ ၂၂

တရုတ်နိုင်ငံသည် ကာကွယ်ဆေးများကို မြန်မာနိုင်ငံ၏ စစ်အစိုးရသို့သာမက ဗိုလ်ချုပ်မှူးကြီးများ၏ အဓိက ရန်သူများဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်များထံသို့ ဖြန့်ဝေပေးလျှက်ရှိသည်။

တရုတ်နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စစ်ကို တိုက်ဖျက်နိုင်ရန်နှင့်  တောင်ပိုင်းအိမ်နီးချင်း၏ ရှုပ်ထွေးနေသော နိုင်ငံရေးအခြေအနေများအတွင်း ၄င်း၏လက်တံကို အားကောင်ခိုင်မာနိုင်ရန် ဘက်နှစ်ဘက်စလုံးကို ကစားနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး မြန်မာနိုင်ငံကို ကျရှုံးသည်အထိ စွမ်းဆောင်သည့်အပြင် နိုင်ငံ၏ ကျန်းမာရေးစနစ်ကိုပါ အဆိုးဝါးဆုံးအခြေအနေဖြစ်အောင် တွန်းပို့ခဲ့သော ဗိုလ်ချုပ်မှူးကြီးများထံသို့ ဘေဂျင်းအစိုးရမှ ကာကွယ်ဆေး အလုံးရေ ၁၃ မီလီယမ်နီးပါးကို လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။

အလားတူ စစ်ကောင်စီသည် ဗိုင်းရပ်စ်ပျံ့နှံမှုကို တားဆီးရန် အစွမ်းအစရှိပုံမပေါ်ဟု သုံးသပ်ချက်များထွက်ပေါ် နေသည်။

မြောက်များစွာသော (မြန်မာ့လက်နက်ကိုင်) တပ်ဖွဲ့များ၏ ပြောကြားချက်အရ ဘေဂျင်းအစိုးရသည် ကာကွယ်ဆေးထောင်ပေါင်းများစွာ၊ ဆေးဝါးလုပ်သားထောင်ပေါင်းများစွာနှင့် ကွာရန်တင်းစင်တာများအတွက် ဆောက်လုပ်ရေးပစ္စည်းထောင်ပေါင်းများစွာကိုလည်း တိတ်တဆိတ်ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ပါရှိသည်။

ကချင့်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “တရုတ်နိုင်ငံ၏ ကြက်ခြေနီဝန်ထမ်းများကို တခါတရံ ကျွန်ုပ်တို့ကို လာရောက်ကူညီကြပါတယ် .. ဒါဟာ ကိုဗစ် ၁၉ ကပ်ဘေးကို ကာကွယ်တားဆီးနိုင်ဖို့ ကျွန်ုပ်တို့ကို ကူညီခြင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

“သို့ပေမယ့် သူတို့က ဒီမှာ နေဖို့ လာရောက်ခဲ့ကြတာမျိုးမရှိပါဘူး။ ခဏလောက်လာကြတယ် ပြီးတော့ ပြန်သွားကြတယ်” ဟု ဗိုလ်မှူးကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။  

မြန်မာနိုင်ငံအောက်ဘက်ပိုင်းတွေမှာ တတိယလှိုင်းက ဂျူလိုင်လအတွင်း ပျံနှံလာခဲ့သည့်အတွက်ကြောင့် KIA အနေဖြင့် တရုတ်နိုင်ငံမှ ရရှိသောဆေးဝါးများဖြင့် လိုင်ဇာဌာနချုပ်မှာရှိသော လူဦးရေ ၁၀,၀၀၀ အထိကို ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဗိုလ်မှူးနော်ဘူမှာ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ကျန်းမာရေးလုပ်သားများက နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို ဖြန့်ဝေနိုင်ရန် လာရောက်ခဲ့ကြပြီးဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ဖြည့်စွက်ပြောကြားသည်။

၎င်းအခြေအနေသည် ယိုစိမ့်မှုဖြစ်ပေါ်နေသော နယ်ခြားမျဥ်းတစ်လျှောက် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် ပုံပမာဖြစ်သည်။

ထို့အပြင် လက်နက်ကိုင်တစ်ဖွဲ့တစ်ခုဖြစ်သော SSPP ၏ ပြောရေးဆိုခွင့်ဖြစ်သူကလည်း ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် တရုတ်နိုင်ငံမှပေးအပ်သော ကာကွယ်ဆေးများဖြင့် လူဦးရေ ၁၀၀၀ အထိကို ထိုးနှံပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကာကွယ်ဆေးအလုံးရေ သန်း၅၀၀ လောက်ကိုလည်း မှာယူပြီးဖြစ်ပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်မှ ဖြည့်စွက်ပြော ကြားခဲ့သည်။  

“အိမ်နီးချင်းကောင်း” တရုတ်နိုင်ငံသည် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) သို့လည်း ကာကွယ်ဆေးများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်တာဘုန်းကျော်မှ ပြောကြားခဲ့သည်။  

ထိုအတောအတွင်း၌ပင် မြန်မာနိုင်ငံအတွက် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ရသည့် အိမ်နီးချင်းတရုတ် နိင်ငံနှင့် စီးပွားရေးလုပ်ငန်းများကို နဂိုအတိုင်း ပြန်လည်လုပ်ကိုင်လိုသော ကုန်သည်များအတွက် နယ်စပ်မြို့တစ်မြို့ဖြစ်သော မူဆယ်မြို့တွင် ကုတင်တစ်ထောင်ဆံ့ ကွာရန်တင်းစင်တာ အသစ်ကို လုပ်သားများက တည်ဆောက်နေကြသည်။

အဆိုပါလုပ်သားများမှာ မြန်မာနိုင်ငံသားများဖြစ်သော်လည်း အလုံးစုံသော ဆောက်လုပ်ရေးပစ္စည်းများကို တရုတ်နိုင်ငံယူနန် ပြည်နယ်ရှိ အာဏာပိုင်များက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref : The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.