စစ်ကြောရေးရောက်နေတဲ့ တက္ကသိုလ်ကျောင်းသူ အရက်ပြန်ကို သောက်ပြီး သေကြောင်းကြံ
ထားဝယ်၊ စက်တင်ဘာ ၂၂ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံနေရသည့် ထားဝယ်တက္ကသိုလ် အင်္ဂလိပ်မေဂျာကျောင်းသူဟောင်း တစ်ဦး အရက်ပြန်ကို သောက်ပြီး သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီကနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့မှာ မစိုးမီမီကျော်၊ ကိုစိုးပြည့်အောင်နှင့်မသျှားပြည့်ခင်တို့ ၃ ဦးကို စစ်ကောင်စီ တပ်တွေက ဖမ်းဆီးခဲ့တာပါ။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ…