မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ အိမ်ခြံမြေ ဝယ်ယူစုဆောင်းသူတွေ များလာ
မော်လမြိုင် ၊ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းလာလို့ ငွေသားထက် အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေက ပိုမိုများပြားလာတယ်လို့ အိမ်ခြံမြေ အကျိုးတော်ဆောင် တွေကပြောပါတယ်။ မြန်မာငွေကြေးတန်ဖိုးဟာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ နှစ်ထောင်ကျော် ပေးလဲရတဲ့အထိ ဆက်တိုက် ကျဆင်းနေသလို ရွှေဈေးတွေမှာလည်း တစ်ကျပ်သားကို ကျပ် (၁၈)သိန်းကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် ပိုင်ဆိုင်မှုရှိသူတွေဟာ…