မော်လမြိုင် စက်တင်ဘာ ၁၇
မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ်းနားလမ်း Night Walking Streetအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အသံဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနက် ၈ နာရီခွဲမှာ ပထမ ဗုံး ၁ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ မနက် ၉ နာရီခွဲလောက်မှာ ဒုတိယ ဗုံး ၁ လုံး ထပ်မံပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အသံဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုနဲ့ ပျက်ဆီးမှုတော့ မရှိခဲ့ဘူးလို့ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး နေထိုင်သူတွေက ဆိုကြပါတယ်။
“ကမ်းနားလမ်း Walking Street မှာရှိတဲ့ ညောင်ပင်အောက်နားမှာ ပေါက်တာ၊ အသံကတော့အကျယ်ကြီးပဲ၊ ဒုတိယတစ်လုံးဆို မီးခိုတွေပါ ထွက်တယ်” လို့ ဘိုကုန်းရပ်ကွက်နေ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ပုံစာအညွန်း – မော်လမြိုင် Night Walking Street စဖွင့်စဉ် မြင်ကွင်း။