ကျိုက်ထို၊ စက်တင်ဘာ ၁၆

ကျိုက်ထိုမြို့၊ မြောက်ပိုင်းတိုးချဲရပ်ကွက် ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့တွင် စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေနတ်နဲ့အပစ်ခံရသူမှာ ဦးရန်ရှင်း ဆိုသူဖြစ်ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီဥက္ကဌ ဖြစ်ပါတယ်။

ဦးရန်ရှင်းမှာ ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းမှာ ရှိနေစဉ် ဆိုင်ကယ်ဖြင့်လာသူ အမျိုးသားမှ သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“သူက တပ်ထွက်တစ်ဦးဖြစ်တယ်။ ပြည်သူအကျိုးပြုကျောင်းသားများပါတီ ဥက္ကဌ လဲဖြစ်တယ်။ အဲဒီဆိုင်တန်းရှေ့မှာ တစ်ခုခု သွားစားတာနဲ့တူတယ်။ အဲဒါကို သေနတ်နဲ့ လာပစ်သွားတာ။ သေသွားတယ်လို့ သိရတယ်”လို့ ဒေသခံတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဦးရန်ရှင်းမှာ သေနတ်ဒဏ်ရာရှိပြီး ကျိုက်ထိုဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဦးရန်ရှင်းမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအကျိုးပြုကျောင်းသားများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.