ဘန်ကောက်၊ စက်တင်ဘာ ၁၆
ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာသည် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို အဆုံးသတ်နိုင်ရန် လူငယ်တက်ကြွ လှုပ်ရှားသူများနှင့်အတူ ထိုင်၍ စကားပြောဖို့လိုအပ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောကြားခဲ့ပါသည်။
အကြမ်းဖက်မှုများသည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း၊ လူငယ်တက်ကြွ လှုပ်ရှားသူများနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်သင့်ကြောင်း သက်ဆင်မှ ဆက်လက်ပြောကြားသည်။
Care အဖွဲ့မှ ကျင်းပသော အွန်လိုင်းနိုင်ငံရေးဖိုရမ်တွင် သူက “အကြမ်းဖက်မှုသည် အကူအညီမဖြစ်နိုင်သလို (အခြေအနေတိုးတက်ကောင်းမွန်ဖို့လည်း) မဖြစ်နိုင်”ဟူ ပြောကြားခဲ့သည်။
သက်ဆင်ထောက်ခံသူများမှ ဖွဲ့စည်းထားသော အဖွဲ့သည် ယင်းက ပုံမှန်ပြောကြားသူတစ်ယောက်အဖြစ် ပါဝင် လျှက်ရှိသည်။
ဝန်ကြီးချုပ် ပရရွတ်သည် လူငယ်တို့၏ အကြံဉာဏ်များကို လက်ခံနိုင်စိတ်ကိုထားရှိသင့်ပြီး သူဘာလုပ်နိုင်သည် ကို ပြောကြားသင့်ကြောင်း၊ အဖြေတစ်ခုကို မရှာဖွေနိုင်သေးသည့်နှင့်အမျှ ပြဿနာများကို တိုးမြှင့်ဖြစ်ပေါ် စေနိုင်ကြောင်းဟု သက်ဆင်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူအစုအဖွဲ့ပေါင်း မြောက်များစွာရှိပြီး ၎င်းတို့မှာ United Front of Thammasat and Demonstration၊ Thalufah၊ Thalugaz နှင့် the United Front for Democracy against Dictatorship များဖြစ်ကြသည်။ သူတို့၏ တောင်းဆိုချက်များမှာ ဝန်ကြီးချုပ်ပရရွတ်က ရာထူးမှ စွန့်ခွာ ရေးဖြစ်သည်။
Thalugaz ထောက်ခံသူများက ညနေတိုင်း၌ ဒန်ဒိန်းခရိုင်၊ ဘန်ကောက်ဧရိယာ တွင်စုဝေးမှုများ ရှိနေပြီး အနီးအနားရှိ 1st ခြေမြန်တပ်ရင်းတန်းလျားအတွင်း ၀ န်ကြီးချုပ်၏နေအိမ်အနီးသို့ ၀င်ရောက်ရန်ကြိုးစား သောအခါ အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့်အကြမ်းဖက်ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့သည်။
ရေအမြှောက်ကားများ၊ မျက်ရည်ယိုဗုံးနှင့် ဆေးရည်များဖြင့် ဆန္ဒပြတက်ကြွလှုပ်ရှားသူများကို ပစ်ခတ်ခြင်းသည် ထိုအခြေအနေကို ပိုမိုဆိုးရွားနိုင်စေပြီး ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကိုလည်း ပျက်စီးစေနိုင်ပါလိမ့်မည်ဟု သက်ဆင်မှ ပြောကြားခဲ့သည်။
“လုံထိန်းရဲတပ်ဖွဲ့များက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တစ်ခုလုံးရဲ့ ပုံရိပ်ကို ဖျက်ဆီးနေကြတာပါ”ဟု သူက ပြောကြားခဲ့သည်။
ထို့အပြင် သက်ဆင်ကို အစိုးရအိမ်တော်မှ ဖယ်ရှားလိုက်သော ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ စစ်အာဏာသိမ်းမှု၏ ၁၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် အနီရောင်အင်္ကျီဝတ် သက်ဆင်ထောက်ခံသူများက ဝန်ကြီးချုပ်ပရရွတ်ဆန့်ကျင်ရေးအတွက် စုဝေးလှုပ်ရှားမှုကြီး တစ်ရပ်ကို တနင်္ဂနွေနေ့က စုဝေးခဲ့ကြပြီးဖြစ်သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref/Photo – Bangkok Post