ဘီးလင်း၊ စက်တင်ဘာ ၁၅
ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာမှာ ယာယီအခြေချနေတဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက်နေ့က ကြသောင်းဆိပ်ကျေးရွာဘက် ထွက်ခွာချိန်မှာ ကျေးရွာသား ၁၁ ဦးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ခေါ်ဆောင်သွားခံရသူများမှာ ကျေးရွာရပ်မိရပ်ဖ ၆ ဦးနဲ့ ထော်လာဂျီယာဉ် ၅ စီး(ယာဉ်မောင်း ၅ ဦး)စုစုပေါင်း ၁၁ ဦးဖြစ်တယ်လို့ သိရပါတယ်။
“ရွာထဲက ရပ်မိရပ်ဖတွေနဲ့ ထော်ဂျီယာဉ်တွေကို အတင်းခေါ်သွားတယ်။ ယာဉ်မောင်းတွေလဲ ပါသွားတယ်။ မနေ့က သူတို့အဖွဲ့တွေ ကြိုးဝိုင်းကျေးရွာနားမှာ ပစ်ခတ်မှုလုပ်သေးတယ်လို့ သိရတယ်။ ပါသွားသူတွေအတွက် စိုးရိမ်နေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့BGF ပူးပေါင်းတပ်ဖွဲဟာ ကြသောင်းဆိပ်ကျေးရွာရှိ အမှတ်(၁၀၁၃)BGF တပ်စခန်းကို ရိက္ခာပို့ဖို့နဲ့ တပ်ချိန်းပြောင်းရန်အတွက် ထွက်ခွာလာတာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက မြစ်ကျိုးက ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့ဘက်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
photo-ကေအဲန်ယူ-ဒူးသထူ သထုံခရိုင်