September 2, 2021

အွန်လိုင်းပေါ်က လိင်ဝန်ဆောင်သူ

လူခြေတိတ်ချိန် ည(၁၀)နာရီဝန်းကျင်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုရဲ့ (၆)ပေ ပတ်လည် ထပ်ခိုးတခုမှာ မသော်တာ (အမည်လွှဲ) တယောက် ဖုန်းတစ်လုံးနှင့် အလုပ်များ နေပါတယ်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာကြောင့် ညအချိန်တွေမှာ လမ်းတွေက လူသူသွားလာမှု ငြိမ်သက်နေပြီး တခါတရံ မသော်တာနေတဲ့ အိမ်အနားမှာ ခွေးဟောင်သံမှ အပ အရာအားလုံးက တိတ်ဆိတ်နေပါတယ်။…

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၏ ဒဏ်ကို ကလေးသူငယ်များလည်း ခံစားနေရ

ရန်ကုန်၊ စက်တင်ဘာ ၂ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ခြောက်လကျော်ကြာကာလအတွင်း ကလေးသူငယ်များသည် ယင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းမဟုတ်သော ဆိုးရွားသည့်အခြေအနေတစ်ခုကို ရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်သည်။ စစ်အစိုးရနှင့် ၎င်း၏ ကိုယ်စားလှယ်များသည် ယောင်္ကျားငယ်များနှင့် မိန်းကလေးငယ်များကို သတ်ဖြတ်ခဲ့သည်ဟူသော ရလဒ်များရရှိပိုင်ဆိုင်ခဲ့ပြီး ရာပေါင်းများစွာသောသူများကိုလည်း ထင်ရာမြင်ရာ ထိန်းသိမ်းထားခဲ့ကာ တိုင်းပြည်ကို ရုတ်တရက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကပ်ဘေးဆီသို့ ကျရောက်လုဆဲဆဲ အခြေအနေတစ်ခုအဖြစ် တွန်းပို့ခဲ့ပြီးဖြစ်ပါသည်။ အမျိုးသမီးများနှင့်…

KNU စစ်ဆင်ရေးမှာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကောင်စီ အသုံးပြု

မော်လမြိုင်၊ စက်တင်ဘာ ၂ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံအမျိုးသမီးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ်ထားကာ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လျက်ရှိတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက သူတို့ရောက်ရှိနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပိုင်ကလာဒုံကျေးရွာက အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ…

အစိုးရချေးငွေ ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်းတွေ ပြော

မော်လမြိုင် ၊ စက်တင်ဘာ (၂) NLD အစိုးရလက်ထက်မှာ ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ လစာ၂ဆ ချေးငွေတွေကို ပြန်ဆပ်မှာ မဟုတ်ဘူးလို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေအား အဆိုပါ ချေးငွေကို ပြန်ဆပ်ဖို့ မော်လမြိုင်တက္ကသိုလ် အာဏာပိုင်တွေကတဆင့် စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။ CDM…

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံး

ပေါင်၊ စက်တင်ဘာ ၂ ရက် ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာလ ၁ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ဆက်သွယ် ပြောဆိုပါတယ်။ မနေ့ည (၉)နာရီကျော်မှာ သဲအိမ်ကျေးရွာနေ လင်မယားနှစ်ဦး ငါးသွားရှာပြီး နေအိမ်ပြန်တဲ့လမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပစ်ခတ်ခဲ့လို့…