မော်လမြိုင်မှာ ပြီးခဲ့တဲ့ကာလ‌တွေတုန်းက စားသောက်ဆိုင်တွေ ကိုဗစ်စည်းကမ်းချက်နဲ့ အညီ ရောင်းချခြင်း ရှိ မရှိ စစ်ဆေးစဉ်။

မော်လမြိုင်၊ ဇူလိုင် ၁

မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

“ပါဆယ်စနစ်နဲ့ပဲ ရောင်းချဖို့ ပြောနေတာတော့ ကြားတယ်၊ ဒါပေမယ့် ညွှန်ကြားစာတော့ မရောက်သေးဘူး”လို့ မော်လမြိုင်က စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်မြို့နယ်အတွင်းက စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေဟာ ဇူလိုင် ၂ ရက်ကစပြီး ပါဆယ်စနစ်နဲ့သာ ရောင်းချရမှာ ဖြစ်ပြီး စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို စည်ပင်သာယာရေး ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ သံဖြူဇရပ်မြို့နယ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ပါဆယ်စနစ်နဲ့ ရောင်းချဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.