July 1, 2021

PDF တွေကို ရှာဖွေဖို့ စစ်ကောင်စီက လူဦးရေ စာရင်းကောက်

မော်လမြိုင် ၊ ဇူလိုင် (၁) လွတ်မြောက်နယ်မြေကနေ စစ်သင်တန်းဆင်းပြီး ပြန်လာတဲ့ PDF တွေကို ရှာဖွေနိုင်ဖို့စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်အတွင်းနေထိုင်သူတွေရဲ့ စာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူနေတယ်လို့ မော်လမြိုင်မြို့နေ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီလို စာရင်းကောက်ယူရာမှာ အိမ်ထောင်စုစာရင်းကို ကောက်ယူတာမျိုးမဟုတ်ဘဲ နေအိမ်မှာ လက်ရှိနေထိုင်တဲ့ မိသားစုဝင် အရေအတွက်နဲ့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို…

သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကျိုက်ထို သတင်းထောက် မလွတ်သေး

မော်လမြိုင်၊ ဇူလိုင် ၁ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတဲ့ The Voice of Thanbyuzayat သတင်းဌာနရဲ့ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ လွှတ်ပေးတဲ့ စာရင်းထဲမှာ ပါဝင်လာခြင်း မရှိသေးပါဘူး။ သတင်းထောက် ကိုထက်မြတ်သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားရင်ဆိုင်နေရတာပါ။…

မော်လမြိုင်မှာ ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ စစ်ကောင်စီ ညွှန်ကြား

မော်လမြိုင်၊ ဇူလိုင် ၁ မော်လမြိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်တွေမှာ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်မြို့နယ်အတွင်းမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ပြည်နယ်အဆင့် ကိုဗစ်ထိန်ချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှာ ပါဆယ်စနစ်နဲ့ ရောင်းချသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ “ပါဆယ်စနစ်နဲ့ပဲ…

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၉)ဦးရှိလာ

မော်လမြိုင်၊ ဇူလိုင် ၁ စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိ ရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။ ဇွန်လ (၂၉) ရက်နေ့အထိ (၈) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့ညတွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက် ကုသနေခဲ့သည့် မော်လမြိုင်မြို့က အသက် (၄၀) အရွယ်အမျိုးသမီးလူနာ (၁)…