မော်လမြိုင် ၊ ဖေဖော်ဝါရီ (၉)

ဆန္ဒပြပွဲမှ ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ကုသပေးဖို့ မော်လမြိုင် ဘိုကုန်းရပ် ဓမ္မနန္ဒီ ပရိယတ္တိစာသင်တိုက်မှာ ယာယီဆေးရုံကို ဖွင့်လှစ်ထားပါတယ်။

ဒီဆေးရုံမှာတော့ ထိခိုက်ဒဏ်ရာ ရလာသူတွေကို စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ၊ သူနာပြုတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စေတနာဝန်ထမ်း ဆရာဝန် (၃၀)ကျော် ရှိပြီး ယာယီဆေးရုံမှာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေ သလို ဆန္ဒပြ စစ်ကြောင်းတွေရဲ့ နောက်မှာလည်း လိုက်ပါပြီး ကျန်းမာရေး စောက်ရှောက်မှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

“အဓိက ဒီမှာထားမယ့်လူနာတွေကတော့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ကုသတဲ့သူ‌တွေထဲကမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့လိုရှိရင် ဒီလူတွေကို အဓိက ထားဖို့ စီစဉ်ထားတယ်။ ဓတ်မှန်တွေ ဘာတွေကတော့ အပြင်ဆေးခန်းတွေနဲ့ ချိတ်ဆက်ပြီး ရိုက်ပြီးတော့ ဒီမှာပဲ လောလောဆယ် ကုမှာပေါ့”လို့ ဆိုပါတယ်။

ရွှေမြင့်မိုရ် ဓမ္မနန္ဒီဆရာတော် ဒေါက်တာ အရှင်ပဏ္ဍိတကမှလည်း “အများပြည်သူတွေ လတ်တလော ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အခက်အခဲမဖြစ်ရလေအောင် လက်ရှိမှာ ဆေစရုံဆေးခန်းတွေ ပြဖို့ အခက်အခဲရှိနေတဲ့အတွက် လူနာတွေ အသက်အန္တရာယ်မထိခိုက်စေဖို့ စဉ်းစားပြီးတော့ ဆေးရုံလေး ဖွင့်လှစ်ထားပေးပါတယ်”လို့ မိန့်ပါတယ်။

မော်လမြိုင်ဆေးရုံကြီးမှာတော့ တာဝန်ကျ ဆရာ ဆရာဝန်တွေ ၊ သူနာပြုတွေ ရဲ့ civil disobidence လှုပ်ရှားမှုတွေကြောင့် ဆရာဝန် အင်အားနည်းပါးနေတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် မော်လမြိုင်ဆေးရုံကြီးမှာ ပြသရမယ့်လူနာတွေကို  ပြင်ပပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကလည်း ကျန်းမာရေးဝန်ဆောင်မှုတွေကို အခမဲ့ပေးပြီး ကူညီပေးနေပါတယ်။

မော်လမြိုင်မြို့မှာတော့ အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်းလာပြီး အကြမ်းဖက်ဖြိုခွင်းခံရလို့ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိသေးပါဘူး။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.