January 8, 2021

ကျောက်မီးသွေးရုံငါးစျေး ပိတ်ထားရလို့ ယခင်သံလွင်စျေးမှာ ယာယီဖွင့်လှစ်ဖို့ တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၈ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုကြောင့် ကျောက်မီးသွေးရုံ ငါးစျေး ပိတ်ထားရတဲ့အတွက် မူလနေရာ သံလွင်စျေးမှာ ယာယီစျေးဖွင့်လှစ်နိုင်ရေးအတွက် အစိုးရထံ တင်ပြထားတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်မီးသွေးရုံငါးစျေးဟာ မွန်ပြည်နယ်အတွင်းက ငါးတွေကို အဓိက ဖြန့်ဖြူရောင်းချနေတဲ့ စျေးကွက် တစ်ခု ဖြစ်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး အဲ့ဒီစျေးမှာ အတည်ပြု လူနာတွေ…

မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ် အစည်းအဝေး မကျင်းပဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၈) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားဖို့လျာထားပေမယ့် အချိန်မလုံလောက်တာကြောင့် မကျင်းပဖြစ်တော့တာလို့ ဆိုပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “တတိယအကြိမ်ကို လွှဲပြောင်းပေးဖို ဆောင်ရွက်နေတာအများကြီးရှိတယ် ဒီကြားလွှတ်တော်ခေါ်ဖို့လုပ်တယ်…

ယာဉ်မတော်တဆဖြစ်ပွားမှုတွေကြောင့် လူ (၂၄၀)ကျော် သေဆုံးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၈) မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု (၈၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူက (၂၄၀)ဦး ရှိခဲ့တယ်လို့ မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ် တစ်နှစ်တာ အတွင်းမှာ ယာဉ်မတော်ဆမှုပေါင်း(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ဒဏ်ရာရရှိသူတွေက (၁၃၂၄)ဦးနဲ့ သေဆုံးသူက (၂၄၇)ဦးအထိ ရှိခဲ့တာပါ။ “အမှန်တကယ်က ယာဉ်မတော်တမှုက ၂၀၂၀…