မော်လမြိုင် ဒီဇင်ဘာ (၂၃)
မလေးရှားနိုင်ငံသည် Pfizer COVID-19 ကာကွယ်ဆေးကို ဖေဖော်ဝါရီလ အစောပိုင်းတွင် ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများကို စတင်နေတာဖြစ်ပြီး ရှေ့တန်းကျန်းမာရေးလုပ်သားများ မတိုင်ခင်မှာ ဝန်ကြီးချုပ် Muhyiddin Yassin သည် အဆိုပါ ကာကွယ်ဆေးကို ပထမဦးဆုံးအဖြစ် ထိုးနှံခြင်းခံရသူဖြစ်လာပါမည်။
အစိုးရအနေဖြင့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်လွန်သော ပမာဏကို လွှမ်းခြုံနိုင်မည့် လုံလောက်သော ကာကွယ်ဆေးများကို ရရှိနိုင်ရေး စီစဥ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
“ဒီကာကွယ်ဆေးက လုံခြုံမှုရှိပြီး အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လူထုက ယုံကြည်နိုင်စေဖို့အတွက် ကျွန်ုပ်အနေနဲ့ COVID-19 ကာကွယ်ဆေးကို ပထမဦးဆုံးအဖြစ် ထိုးနှံခြင်းခံယူမှာဖြစ်ပါတယ်”လို့ Tan Sri Muhyiddin က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
ကာကွယ်ဆေးကို ရှေ့တန်းတိုက်စစ်မှူးကျန်းမာရေးဝန်ထမ်းများသို့ ထိုးနှံပြီးပါက သက်ကြီးရွယ်အိုများ၊ စမ်းသပ်ဖော်ထုတ်၍ ရောဂါဝေဒနာခံစားရနေရသူများနှင့် နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများ စသဖြင့် အမြင့်ဆုံး ရောဂါအန္တရာယ်များနဲ့ ကြုံတွေ့နေရတဲ့ လူအုပ်စုတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ ၁၀ ရာခိုင်နှုန်းလူဦးရေအတွက် COVID-19 ကာကွယ်ဆေးအလုံးရေ ၆.၄ သန်းကို ဝယ်ယူနိုင်ဖို့ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Astra Zeneca နှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ အဆိုပါပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အဆိုပါဖော်ပြချက်က မလေးရှားနိုင်ငံအနေဖြင့် ယခုအခါမှာ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေး ရရှိနေတာဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအတွင်းက မလေးရှားအစိုးရအနေဖြင့် နိုင်ငံ့လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးအလုံးရေ ၁၂.၈ သန်းခန့် ရရှိနိုင်ဖို့ Pfizer နှင့်ချိတ်ဆက်ခဲ့ပြီး ကျန်ရှိသော ၁၀ ရာခိုင်နှုန်းသော လူဦးရေအတွက် Covax နဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Mr.Muhyiddin ရဲ့ ပြောကြားချက်အရ အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ Sinovac နှင့် Cansino ကုမ္ပဏီများ၊ ရုရှားနိုင်ငံ၏ Gamaleya Institute တို့နှင့် နောက်ထပ်ကာကွယ်ဆေးရရှိမှုသေချာအောင်လည်း အပြီးသတ်ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေပြီးလို့ ပြောဆိုထားပါတယ်။
စုစုပေါင်းအနေဖြင့် လူဦးရေ ၂၆.၅ သန်း (သို့) ၈၀ ရာခိုင်နှုန်းထက် ကျော်လွန်သော ပမာဏအတွက် ကာကွယ်ဆေးများ လုံလောက်နေမှာဖြစ်ပြီး (အမေရိကန်ဒေါ်လာ ၆၇၅ သန်း) ကုန်ကျခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
သူရဲ့ဖြည့်စွက်ပြောကြားချက်မှာတော့ အစိုးရအနေဖြင့် မလေးရှားနိုင်ငံသား ၇၀ ရာခိုင်နှုန်းအတွက်ကို ကာကွယ်ဆေးပေးနိုင်ဖို့ နဂိုကတည်းက ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။
မလေးရှားနိုင်ငံဟာ COVID-19 တတိယလှိုင်းကို လက်ရှိ ရင်ဆိုင်တိုက်ပွဲနေရတာဖြစ်ပြီး သေဆုံးမှုနှုန်းမှာ ၂၀၆၂ ဦးခန့်ရှိကာ အင်္ဂါနေ့မှာတော့ ရောဂါကြောင့် သေဆုံးသူတစ်ဦးတည်းရှိခဲ့တာပါ။
အောင်မျိုးမြတ်
REF – THESTRAITSTIMES