November 2020

သတ်မှတ်ချိန်အတွင်း ဆန္ဒမဲပေးသူအားလုံး မဲပေးနိုင်အောင် ကော်မရှင် စီစဉ်ထား

မော်လမြိုင် ၊ နိုဝင်ဘာ (၅) ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ မဲဆန္ဒရှင်တွေအားလုံး မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်ပွဲနေ့အတွက် မဲပေးချိန်ကိုတော့ မနက်(၆)နာရီကနေ ညနေ (၄)နာရီအထိ ကော်မရှင်က သတ်မှတ်ထားပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ မဲပေးရမှာဖြစ်လို့ သတ်မှတ်ချိန်အတွင်းမှာ မဲဆန္ဒရှင်တွေအားလုံး မဲမပေးနိုင်မှာကို ကိုယ်စားလှယ်လောင်းတွေက စိုးရိမ်နေကြပါတယ်။ ကော်မရှင်ကတော့ ကိုဗစ်-၁၉…

ကိုဗစ်ကန့်သတ်ချက်တွေကို ရွေးကောက်ပွဲနေ့မှာ မွန်ပြည်သစ်ပါတီ ဖြေလျော့ပေးမည်

မော်လမြိုင် ၊ နိုဝင်ဘာ(၅) မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းကမ်းချက်တွေကို ရွေးကောက်ပွဲနေ့မှာ ဖြေလျော့ပေးသွားမယ်လို့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။ မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ(ဗဟို)က ကပ်ရောဂါဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားခဲ့တာပါ။ ထုတ်ပြန်ချက်တွေမှာတော့ မော်တော်ယာဉ်တွေမှာ စီးနင်းရမယ့် လူဦးရေကို ကန့်သတ်ထားပြီး တစ်နေရာကနေ အခြား တစ်နေရာကို သွားမယ်ဆိုရင်…

မွန်ပြည်နယ်ရွေးကောက်ပွဲရလဒ်

တိုင်းရင်းသားရေးရာမဲဆန္ဒနယ်များ (ဗမာ) ပါဝင်ယှဉ်ပြိုင်သောပါတီ ဗမာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ညီညွတ်ရေးပါတီ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဗမာပြည်သူ့ပါတီ တိုင်းရင်းသားရေးရာမဲဆန္ဒနယ်များ (ကရင်) ပါဝင်ယှဉ်ပြိုင်သောပါတီ ကရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ကရင်ပြည်သူ့ပါတီ ပြည်သူ့ရှေ့ဆောင်ပါတီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ တိုင်းရင်းသားရေးရာမဲဆန္ဒနယ်များ (ပအိုဝ်း) ပါဝင်ယှဉ်ပြိုင်သောပါတီ ပအိုဝ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်…

မွန်မှာ ကိုဗစ်အတည်ပြုလူနာ (၈၀)ကျော် ကျန်ရှိ

မော်လမြိုင် ၊ နိုဝင်ဘာ (၄) မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၈၀) ကျော် ဆေးရုံဆင်းသွားပြီး လက်ရှိမှာတော့ အတည်ပြုလူနာ (၈၀) ကျော်သာ ကျန်ရှိတော့ပါတယ်။ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်တွေမှာ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူ (၇၀၀) နီးပါး ရှိခဲ့​ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ အခုလို ကိုဗစ်အတည်ပြု လူနာတွေအပြင် ထိတွေ့ခဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု…

ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်(၁၂)သိန်းကျော် မဲလာပေးမယ်လို့ မွန်ရွေးကော် ခန့်မှန်း

မော်လမြိုင် ၊ နိုဝင်ဘာ (၄) ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်(၁၂)သိန်းကျော် မဲလာပေးမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ခန့်မှန်းထားပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်း (၄)သောင်းကျော်ရှိပြီး အသက်(၆၀)အထက် ကြိုတင်မဲဆန္ဒရှင်ကတော့ (၄)သိန်းကျော် ရှိပါတယ်။ အသက်(၆၀) အထက် ကြိုတင် မဲတွေ ၊ ပြည်တွင်းပြည်ပ ကြိုတင်မဲတွေကို ဖယ်လိုက်မယ်ဆိုရင် မဲလာပေးမယ့်သူ (၁၂) သိန်းကျော် ရှိနိုင်တယ်လို့…

ရွေးကောက်ပွဲနေ့မှာ N-95 mask များ အခမဲ့ ပေးမည်

မော်လမြိုင် ၊ နိုဝင်ဘာ (၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလာပေးသူတွေကို N-95 mask အပါအဝင် ကျန်းမာရေးပစ္စည်းတွေ လုံလုံလောက်လောက် ထောက်ပံ့ပေးမယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး လက်ရှိမှာတော့ ကြိုတင်မဲပေးတဲ့ လုပ်ငန်းတွေကို စတင်နေပြီး ဖြစ်ပါတယ်။ မဲလာပေးတဲ့ မဲဆန္ဒရှင်တွေကို ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် N95…

တံဆိပ်တုံးအတုနဲ့ ကြိုတင်မဲတွေကို ပြည်ထောင်စု ရွေးကော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်

မော်လမြိုင် ၊ နိုဝင်ဘာ (၃) တံဆိပ်တုံးအတုနဲ့ ထုထားတဲ့ ကြိုတင်မဲတွေကို ပယ်မဲ ခိုင်လုံမဲအဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာအုပ်စု တံခွန်တိုင်ကျေးရွာရှိ မဲရုံအမှတ်(၁)မှာ အသက်(၆၀)နှစ်အထက် ကြိုတင်မဲပေးတဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တံဆိပ်တုံးအတုနဲ့ မဲပေးနေတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း…

ကိုဗစ်အတည်ပြု လူနာတွေနဲ့ အသွားအလာကန့်သတ်သူတွေမှာ ကြိုတင်မဲ ကောက်ခံ

မော်လမြိုင် ၊ နိုဝင်ဘာ (၂) ကိုဗစ်အတည်ပြု လူနာတွေနဲ့ အသွားအလာကန့်သတ်ထားသူတွေရဲ့ ကြိုတင်မဲတွေကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ကောက်ခံနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အောက်တိုဘာ (၂၉)ရက်နေ့က စတင်ပြီး ကြိုတင်မဲတွေကို ကောက်ခံနေတာ ဖြစ်ပါတယ်။ အတည်ပြုလူနာတွေနဲ့ အသွားအလာကန့်သတ်သူတွေက ပုံစံ (၁၅) နဲ့ ကြိုတင်မဲလက်မှတ်တွေကို…

ဥပဒေအတိုင်း တိတိကျကျဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကိုတိုက်တွန်း

မော်လမြိုင် ၊ နိုဝင်ဘာ (၂) ကြိုတင်မဲပေးတဲ့ကာလ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေမှာ အမှားအယွင်းတွေ ရှိနေတာကြောင့် ဥပဒေအရ တိတိကျကျ လုပ်ဆောင်ဖို့ ကိုယ်စားလှယ်လောင်းတွေက တိုက်တွန်း လိုက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့ ကြိုတင်မဲလက်မှတ်တွေကို မှားယွင်းထုတ်ပေးတာတွေ နဲ့ ကော်မရှင်အဖွဲ့ဝင်တွေက မဲဆန္ဒရှင်တွေအပေါ် လွှမ်းမိုးမှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။ ဒါ့အပြင် မဲရုံပရဝဏ်အတွင်းမှာလည်း နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေ ရှိနေပြီး ဒီအပေါ်မှာလည်း ကော်မရှင်က…

ကြိုတင်မဲလက်မှတ် သိမ်းဆည်းတဲ့နေရာ cctv တပ် မတပ် အငြင်းပွား

မော်လမြိုင် ၊ နိုဝင်ဘာ (၂) ပေါင်မြို့နယ် ကဒါရပ်ကွက်က ကြိုတင်မဲပုံးတွေထားတဲ့ အုပ်ချုပ်ရေးမှူးရုံးမှာ cctv တပ်ဆင်တာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အငြင်းပွားခဲ့ကြပါတယ်။ အောက်တိုဘာလ ၃၀ ရက် မွန်းလွဲပိုင်းမှာ ပေါင်မြို့ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံမှာ ထားရှိမယ့်ကြိုတင်မဲပုံတွေကို လုံခြုံမှုရှိစေဖို့ဆိုပြီးတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ရဲ့ ညွှန်ကြားမှုနဲ့ CCTV ကင်မရာလာရောက်တပ်ဆင်ခဲ့ပြီး…