မော်လမြိုင် ၊ နိုဝင်ဘာ (၁၂)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်လောင်းတွေမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ အပါအဝင် နိုင်ငံရေးပါတီ (၁၆)ခုက ကိုယ်စားလှယ်လောင်း (၂၅၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး (၁၁) ဦးပါဝင်ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း (၁၀)ဦးနှင့် မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း (၁) ဦးတို့ပဲ ဖြစ်ပါတယ်။

အခုလို အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပါဝင်လာတဲ့အတွက် လွှတ်တော်ကနေတစ်ဆင့် အမျိုးသမီးတွေရဲ့ လိုအပ်ချက် လိုလားချက်တွေကို စွမ်းဆောင်ပေးနိုင်ဖို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက မျှော်လင့်နေကြပါတယ်။

“အမျိုးသမီးတွေရဲ့ လုံခြုံရေး အမျိုးသမီးတွေရဲ့ အသံ လူနည်းစုတွေရဲ့ အသံ မူဝါဒေတွေ ရရှိအောင် ဥပဒေတွေ ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကျွန်မတို့ ယုံကြည်တယ်”လို့  မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောပါတယ်။

အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦးမှာ ပြည်သူ့လွှတ်တော်နေရာက ၃ ဦး၊ အမျိုးသားလွှတ်တော်နေရာက ၃ ဦးနဲ့ ပြည်နယ်လွှတ်တော်နေရာက ၅ ဦးတို့ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ်အတွင်းမှာ NLD ပါတီက (၃၄) နေရာနဲ့ မွန်ညီညွတ်ရေးပါတီက (၁၁) နေရာ အနိုင်ရခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.