November 10, 2020

ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တိုင်ကြားစာများကို ကော်မရှင် စိစစ်တော့မည်

မော်လမြိုင် ၊ နိုဝင်ဘာ (၁၀) ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကော်မရှင်ဆီ ရောက်လာတဲ့ တိုင်ကြားစာတွေကို စိစစ်သွားတော့မယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေအပေါ် အစိုးရအဖွဲ့ဝန်ကြီးက ဩဇာအာဏာသုံးပြီး ဖိအားပေးတာတွေ ၊ ကြိုတင်မဲကောက်ခံတာနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေ ၊ တံဆိပ်တုံးအတု ကိုင်ဆောင်သူတွေနဲ့ အယောင်ဆောင်မဲပေးမှုတွေကို ကော်မရှင်က အမှုဖွင့် အရေးယူထားတာတွေ ရှိပါတယ်။ ဒီအခြေအနေတွေကို…

ဆန္ဒမဲလာပေးသူတွေထဲက ကိုဗစ်-၁၉ အတည်ပြု လူနာတွေ တွေ့ရှိ

မော်လမြိုင် ၊ နိုဝင်ဘာ (၈) ဆန္ဒမဲလာပေးသူတွေထဲမှာ ကိုဗစ်အတည်ပြုလူနာတွေ တွေ့ရှိခဲ့တယ်လို့ သထုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သထုံမြို့နယ် လိပ်အင်းရပ်ကွက်က မဲရုံမှာ ဆန္ဒမဲထည့်ခဲ့သူအမျိုးသားတစ်ဦးအပါအဝင် စုစုပေါင်း (၃) ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။ မဲပေးပြီးတဲ့နောက်ပိုင်း သူတို့တွေဟာ အနံ့မရလို့ဆိုပြီး သထုံဆေးရုံ Fever…

မွန်ပြည်နယ်တွင် NLD ပါတီ ပြည်ထောင်စုလွှတ်တော် (၁၇)နေရာ အနိုင်ရ

မော်လမြိုင်၊ နိုဝင်ဘာ (၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဟာ မွန်ပြည်နယ်အတွင်း (၅) မြို့နယ်မှာ နေရာပြည့် အနိုင်ရခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာ (၁၇)နေရာ ရရှိခဲ့ပါတယ်။ မွန်ပြည်နယ်မှာ ပြည်ထောင်စုလွှတ်တော်အတွက် (၂၂) နေရာရှိပြီး NLD က (၁၇) နေရာ နဲ့ မွန်ညီညွတ်ရေးပါတီက (၅) နေရာ အနိုင်ရရှိခဲ့တာပါ။ ကျိုက်ထို ၊ ဘီးလင်း…