အောက်တိုဘာ (၁၄)ရက်နေ့မှာ NLD ဝန်းရံသူတွေ အင်အားပြစဉ် ( ဓာတ်ပုံ - မြင့်စိုး)

မော်လမြိုင် ၊ အောက်တိုဘာ (၁၅)

Stay at Home သတ်မှတ်ထားတဲ့ မော်လမြိုင်မြို့မှာ  USDP နှင့် NLD ပါတီဝန်းရံသူတွေက လှည့်လည် အင်အားပြခဲ့ပါတယ်။

အောက်တိုဘာလ (၁၄)ရက်နေ့မှာ NLD ပါတီဝန်းရံသူတွေဟာ ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တစ်ချို့ကို စီတန်းလှည့်လည် အင်အားပြခဲ့ပြီး အောက်တိုဘာလ (၁၅)ရက်နေ့မှာတော့ USDP ပါတီဝန်းရံသူတွေက လှည့်လည် အင်းအာပြခဲ့ကြတာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးကတော့ Stay at home သတ်မှတ်ထားတဲ့ဒေသ နဲ့ အဆောက်အဦးတွေမှာ  လည့်လှည်မဲဆွယ်စည်းရုံးတာတွေနဲ့ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေကို လုံးဝမလုပ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ(၁၅)ရက်နေ့ USDP ဝန်းရူံတွေ အင်အားပြစဉ် (ဓာတ်ပုံ – wi wi may)

လတ်တလောမှာတော့ ဒီလိုလှည့်လည်အင်အားပြသူတွေကို အရေးယူဆောင်ရွက်ထားတာ မရှိဘဲ ပထမအကြိမ်အနေနဲ့ သတိပေးပြောဆိုသွားမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။

“ အဲဒါတွေကတော့ သက်ဆိုင်ရာမြို့နယ်တွေကို အကြောင်းကြားထားတယ်၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနမှူးတွေကို၊ ဒါတွေကတော့ ဖြစ်လာနိုင်ခြေရှိတာပေါ့၊ ဖြစ်လည်းဖြစ်နေတာပဲ၊ ဘယ်လိုလုပ်မလဲဆိုတော့ အမှန်ကအရေးယူလို့ရတယ်ပေါ့၊ ကျွန်တော်တို့ ဝန်ကြီးဌာနကတော့ ဒါဟာ ပထမအကြိမ်ဆိုရင်တော့ သတိပေးဖို့ လုပ်သွားတယ်၊ ဒုတိယအကြိမ်အရေးယူရင်တော့ အုပ်ချုပ်ရေးအဖွဲ့အစည်းကို တင်ပြပြီးတော့ အမိန့်နာခံရမှာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထို ၊ ဘီးလင်း နဲ့ မော်လမြိုင်မြိုတို့ကို stay at home နေထိုင်ဖို့ ညွှန်ကြားထားပြီး ညမထွက်ရ အမိန့်တွေကို ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း သောင်းနဲ့ချီတဲ့ NLD နဲ့ မွန်ပါတီဝန်းရံသူတွေဟာ သထုံ နဲ့ ချောင်းဆုံ မြို့နယ်တို့မှာ လှည့်လည်အင်အားပြခဲ့ကြပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.