မော်လမြိုင် ၊ အောက်တိုဘာ (၁၅)

ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေ အဆင်ပြေပြေ မဲပေးနိုင်အောင် ဆောင်ရွက်ပေးဖို့ ကော်မရှင်ကို ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေနဲ့ အချက် ၇၀ ကျော်ပါဝင်တဲ့ မဲရုံပြင်ဆင်ခြင်းနဲ့ မဲရုံအတွင်းအပြင် လုပ်ဆောင်ရမယ့်အချက်တွေ၊ မဲရုံဝန်ထမ်းတွေနဲ့ လုပ်အားပေးသူတွေ၊ မဲလာပေးကြတဲ့သူတွေ လိုက်နာရမယ့်အချက်တွေအပါအဝင်  COVID-19 ရောကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနဲ့အညီဆောင်ရွက်မယ့် ထုတ်ပြန်ချက်တစ်စောင်ကို ခုလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအနေအထားအရ မဲရုံတွေက ကျယ်ဝန်းတဲ့အနေအထားတစ်ခုဖြစ်ဖို့ လိုအပ်နေပြီး မဲဆန္ဒရှင်တွေ ဆန္ဒမဲလာပေးတဲ့အခါ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်က အခုလို  တောင်းဆိုလိုက်ပါတယ်။

“တစ်‌ယောက်ကို အနည်းဆုံ ၆ပေဆိုရင် း လူများလာရင် အရှည်ကြီးဖြစ်သွားမယ်။ရှည်ထွက်လာရင် အရိပ်ရအောင် စီစဉ်ပေးနိုင်မှာ မဟုတ်ဘူး ။ အာ့တော့ နေပူတာကတစ်မျိုး လူတန်းရှည်ရင် မဲပေးချိန်က ပိုပြီးကြာရင် မဲဆန္ဒရှင်တွေအားလုံး မဲပေးခွင့်ရှိပါ့မလားဆိုတာ စိုးရိမ်တယ်”လို့ ဆိုပါတယ်။

ကော်မရှင်ကတော့ ကိုဗစ်စည်းကမ်းချက်တွေနဲ့ညီအောင် ဆောင်ရွက်ပေးမယ့် အောက်ခြေဝန်ထမ်း မလုံလောက်တဲ့ အခက်အခဲတွေကြောင့်  အဆင်မပြေဖြစ်မှာကို စိုးရိမ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဝင်းမော်ဦးက အခုလို ပြောပါတယ်။

“သူတို့ကတော မဲရုံတစ်ထောင်နဲ့အထက်ကို အဆိုင်းခွဲမယ် ပြောပေမယ့် ဝန်ထမ်းအင်းအားနဲ့ မဲရုံမှာလုပ်နိုင်မယ့် အင်အားက အောက်ခြေမှာ အလုံအလောက် မရှိဘူး။ ကိုဗစ်ကာလဖြစ်တော့ မဲပေးမယ့် ကိစ္စတွေက အဆင်ပြေအောင် ပေးနိုင်ဖို့တော့ စိုးရိမ်တယ်”တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲပေးနိုင်အောင် စီစဉ်ပေးထားတာကြောင့် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးမယ့်သူ စုံပြုံနေမှာ မဟုတ်ဘူးလို့ မဲဆန္ဒရှင်တစ်ဦးက အခုလို သုံးသပ်ထားပါတယ်။

“ ၆၀ ကျော်လူဦးရေက မဲဆန္ဒရှင်အားလုံးရဲ့ သုံးပုံတစ်ပုံလောက် ရှိမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မဲရုံမှာ လူစုလူဝေး မဖြစ်နိုင်တော့ဘူး”လို့ မော်လမြိုင်မြို့နေ အလွတ်သင်ဆရာတစ်ဦးဖြစ်သူ ဦးညွန့်လွင်က ပြောပါတယ်။

ကော်မရှင်ရဲ့ စံလုပ်ငန် လမ်းညွှန်အပိုင်း (၂)မှာတော့ မဲရုံကိုလာရောက်သူတွေ အပူချိန်မြင့်မားပါက လုပ်ဆောင်ရမယ့်အချက်တွေ၊  ကွာရန်တင်းဝင်နေသူများ ကြို တင်မဲပေးဖို့နဲ့၊ကိုဗစ်-၁၉ လူနာတွေပါ မဲပေးဖို့ ပါဝင်ပါတယ်။

 ဆန္ဒမဲပေးပြီးလို့ လက်သန်းမင်တို့ရာမှာ  အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်းနဲ့ ဖျော်စပ်ထားတဲ့မှင်ကို အဝကျယ်ခွက်နဲ့ထားရှိအသုံးပြုဖို့ ၊ လူစုလူ ဝေးမဖြစ်ပေါ်ရေးနဲ့ မဲလာပေးသူ တစ်ဦးဦးမှာ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက် မြင့်တက်နေပါက အရိပ်ရနေရာမှာ ၁၅ မိနစ်ခန့်နားပြီး အဖျား ပြန်လည်တိုင်းတာနိုင်အောင် သီးသန့်နေရာပြင်ဆင်ထားဖို့တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်မှာတော့  တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၇၀ ရာခိုင်နှုန်းသာ ဆန္ဒမဲ လာပေးခဲ့ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.