ဓာတ်ပုံ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

မော်လမြိုင် ၊ အောက်တိုဘာ (၁၂)

အစိုးရဖွဲ့နိုင်ရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ပေးမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ပါတီခေါင်းဆောင်ကိုယ်တိုင်က သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူမှုရေးအရရော၊ မူဝါဒပိုင်းရော အလွတ်သဘောဆွေးနွေးထားတာရှိပြီး လာမယ့်ရွေးကောက်ပွဲမှာတော့ အစိုးရဖွဲ့နိုင်တဲ့အထိ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ပြီး အစိုးရဖွဲ့ရရင်တော့ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝပေးသွားမယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးအောင်က ပြောပါတယ်။

“တို့ရဲ့ရည်ရွယ်ချက်က ဖက်ဒရယ်သွားမယ်ဆိုရင် တိုင်းရင်းသားတွေကို ထိုက်သင့်တဲ့အခွင့်အရေး လုပ်ပိုင်ခွင့် ပေးကိုပေးရမယ်။ ဗဟိုချုပ်ကိုင်မှုနဲ့ ပါးစပ်ကပြောတဲ့ ဖက်ဒရယ် ဖြစ်ကို မဖြစ်စေရဘူး။ဗဟိုက ချုပ်ကိုင်မှုမဟုတ်ဘဲ ထိန်းကျောင်းတဲ့အဆင့်ဘဲ”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းက မဲဆန္ဒနယ် (၄၅) နေရာမှာတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက နေရာပြည့်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ကိုယ်စားလှယ်လောင်း ၉၂၀ ကျော်နဲ့ နိုင်ငံအတွင်း တတိယအများဆုံးယှဉ်ပြိုင်တဲ့ ပါတီကြီးတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.