August 17, 2020

မွန်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားသည့် အဖွဲ့မရှိသေး

မော်လမြိုင် ၊ ဩဂုတ် ၁၇ မွန်ပြည်နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဩဂုတ်လ (၁၇)ရက်နေ့အထိ လာရောက်လျှောက်ထားသူ မရှိသေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာလိုသူတွေအနေနဲ့ ကော်မရှင်အဖွဲ့ခွဲမှာ ဇူလိုင်လ (၇)ရက်နေ့ကနေ အောက်တိုဘာလ (၁၅)ရက်နေ့အထိ လာရောက်လျှောက်ထားနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးစောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေက…

တစ်နိုင်ငံလုံးအခွန်အများဆုံး ထမ်းဆောင်သူတွေထဲမှာမွန်ပြည်နယ် ကလုပ်ငန်းရှင်နှစ်ဦးပါ

မော်လမြိုင် ၊ ဩဂုတ် ၁၇ ၂၀၁၈-၂၀၁၉ အခွန်စည်းကြပ်နှစ်အတွက် တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ မွန်ပြည်နယ်က လုပ်ငန်းရှင် နှစ်ဦး ပါဝင်တယ်လို့ မွန်ပြည်နယ် အခွန်ဦးစီးဌာနရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။ တစ်နိုင်ငံလုံး အခွန်အများဆုံးထမ်းဆောင်သူ (၁၀၀၀)ထဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်နှစ်ဦးဟာ ကျိုက်ထိုမြို့က ကျောက်ထုတ်လုပ်ငန်းရှင် ဦးစိုးလင်းနဲ့ မော်လမြိုင်မြို့က မြေကွက်ရောင်းချသူ ဦးမိုးကျော်တို့ပဲ ဖြစ်ပါတယ်။ ဦးစိုးလင်းဟာ…