August 4, 2020

မွန်မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိ

မော်လမြိုင် ၊ ဩဂုတ် (၄) ​ဩဂုတ်လ (၄) ရက်နေ့အထိ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း လျှောက်လွှာတင်သူ (၁၄၄) ဦး ရှိပြီးဖြစ်တယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။ ကိုယ်စားလှယ်လောင်းအမည်စာရင်းလျှောက်လွှာကို ဇူလိုင်လ (၂၀) ရက်နေ့တည်းက စတင်လက်ခံနေတာဖြစ်ပြီး ဩဂုတ်လ (၇) ရက် နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းရာမှာတော့…

ပင်လယ်ရေလှိုင်းဒဏ်ကြောင့် ကမ်းစပ်အနီး နေသူများအား ပြောင်းရွှေ့နေရာချထား

ရေး ၊ ဇူလိုင် ၄ ပင်လယ်ရေလှိုင်းဒဏ် စိုးရိမ်ရတဲ့အတွက် ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာက ကမ်းစပ်အနီးနေထိုင်ကြသူတွေကို ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းကစပြီး ပြောင်းရွှေ့နေရာ ချထားပေးနေရပါတယ်။ လတ်လလောမှာတော့ ရေလှိုင်းကြီးပြီး ဒီရေတွေတက်လာတာကြောင့် ပင်လယ်ဒီရေ အမြင့်ဆုံးအချိန်မှာ လေပြင်းတိုက်ခတ်ရင် ကျေးရွာကမ်းနဖူးပိုင်းမှာရှိတဲ့ အိမ်တွေ ပြိုကျမှာကို စိုးရိမ်နေရတာပါ။ ဒါကြောင့် အန္တရာယ်မရှိစေဖို့ အိမ်ခြေ ၂၅ အိမ်၊…

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ချိန်အထိ စောင့်ကြည့်ရေးစခန်းများ ဖွင့်လှစ်သွားမည်

ရေး ၊ ဩဂုတ် ၃ ကိုဗစ်-၁၉ ကို ထိန်းချုပ်နိုင်တဲ့ အချိန်အထိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ quarantine center တွေ ဖွင့်လှစ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသတွေမှာ quarantine centre ၁၂ နေရာ၊ အပူချိန် တိုင်းတာစစ်ဆေးခြင်းနဲ့လူအဝင်အထွက် စစ်ဆေးရေးဂိတ်…