August 3, 2020

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာ မြေပြိုမှုနှင့် လမ်းရေကျော်မှုတွေ ဖြစ်

သထုံ၊ ဩဂုတ် ၃ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ မြေပြိုမှုနဲ့ လမ်းရေကျော်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ်လ (၂) ရက်နေ့နဲ့ (၃) ရက်နေ့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် သထုံမြို့ မြသပိတ်တောင်တက် ကားလမ်း မြေပြိုခဲ့တဲ့အပြင် မုဒုံ- သံဖြူဇရပ်ကားလမ်းနဲ့ သထုံ – ဘားအံ ကားလမ်းတို့မှာ လမ်းရေကျော်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။…