July 29, 2020

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDPမှ ကိုယ်စားလှယ်လောင်း(၆)ဦး အမည်စာရင်း တင်သွင်း

မော်လမြိုင် ၊ ဇူလိုင် ၂၉ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ထံ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP က ကိုယ်စားလှယ်လောင်း (၆) ဦး အမည်စာရင်းကို ဇူလိုင်လ (၂၇) ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေထဲမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP က ပထမဆုံး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ “ဘယ်မြို့နယ်ကလဲဆိုတော့မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်တစ်နေရာ၊အမျိုးသားလွှတ်တော်(၁) နေရာ၊ပြည်နယ်လွှတ်တော်(၂)နေရာ၊မုဒုံမြို့နယ်-(၄)နေရာဖြစ်ပါတယ်၊ သံဖြူဇရပ်မြို့နယ်ပြည်နယ်လွှတ်တော် ၂နေရာ၊စုစုပေါင်း-၆နေ ရာဖြစ်ပါတယ်”လို့…

မွန်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၇၀၀) နီးပါးရှိပြီး သုံးဦး သေဆုံး

မော်လမြိုင် ၊ ဇူလိုင် (၂၉) ယခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့အထိ မွန်ပြည်နယ်အတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၇၀၀) နီးပါးရှိပြီး (၃)ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အခြေအနေမှာ မော်လမြိုင်မြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာ အများဆုံးဖြစ်ပြီး သေဆုံးသူထဲက ကလေး(၂) ဦးဟာ ပေါင်မြို့နယ်က ဖြစ်ပါတယ်။ ဒါ့အပြင်…