July 22, 2020

မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် နောက်ဆုံးပတ်မှ ထုတ်ပြန်နိုင်မည်

မော်လမြိုင် ၊ ဇူလိုင် ၂၂ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ဝင်ယှဉ်ပြိုင်မယ့် မွန်ညီညွှတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဇူလိုင်လ နောက်ဆုံးပတ်မှသာ ထုတ်ပြန်နိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအဆင့်ကနေ ဇူလိုင်လ (၂၀) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့ ကနဦး စီစဉ်ထားပေမယ့် အချိန်လုံလောက်မှု မရှိတာကြောင့် ဇူလိုင်လ (၂၄) ရက်နေ့ နောက်ဆုံးထား ရွေးချယ်ဖို့…

မွန်ပြည်နယ်ရဲ့ ရာသီဥတုအခြေအနေ ပြောင်းလဲမှုတွေအပေါ် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

“မွန်ပြည်နယ်အနေနဲ့ကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ အပူချိန်၊ မိုးရေချိန်၊ လေတိုက်ခတ်မှုဖြစ်စဉ်တွေက ယခင်လိုမဟုတ်တော့ပဲနဲ့ များစွာပြောင်းလဲခဲ့ပြီးဖြစ်ပါတယ်၊ မြင့်မားလာတဲ့အပူချိန်၊ ပုံမှန်မဟုတ်တော့တဲ့ မိုးရွာသွန်းမှု၊ ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့ လေတိုက်ခတ်ခြင်းနဲ့ မိုးနှောင်းကာလ မိုးကြိုးပစ်ခြင်းဖြစ်စဉ်တွေကို ကြုံတွေ့ရမှာဖြစ်လို့…….” မေး – ပြီးခဲ့တဲ့နှစ်မိုးရာသီက မွန်ပြည်နယ်မှာ အထူးသဖြင့် အဆိုးရွားဆုံးအနေနဲ့ ရေးနဲ့ကျိုက်မရောဘက်မှာ ရေနစ်မြှုပ်မှုတွေအတော်များများဖြစ်ပွားခဲ့ပါတယ်၊ နောက်တစ်ခုက တောင်ပြိုမှုပေါ့၊ ဘယ်လိုအခြေအနေမျိုးမှာ ခုလို ဆိုးရွားစွာရေကြီးမှုနဲ့ တောင်တွေပြိုမှုတွေ ဖြစ်စေနိုင်ပါသလဲ။…