June 13, 2018

မွန်ပြည်နယ်အလံအဖြစ် အသုံးပြုရန် အနီရောင်အာက်ခံ ရွှေဟင်္သာပုံပါဝင်သောပုံကို မွန်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်

မော်လမြိုင်၊ ဇွန် ၈ မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးရန်ရှိသော မွန်ပြည်နယ်အလံကို ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့အစည်းအဝေးတွင် အနီရောင်အောက်ခံ ရွှေဟင်္သာပုံပါ၊ စာသားမပါဝင်သည့် အောက်ဖော်ပြပါပုံကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ မွန်ပြည်နယ်အလံအတွက် လွှတ်တော်ကိုယ်စားလှယ်များက သတင်းမီဒီယာတို့တွင် အများပြည်သူမဲပေးထားသော မဲကို ကိုးကားဆွေးနွေးခဲ့ပြီး အများပြည်သူတို့၏ ဆန္ဒကို အလေးထားကြောင်း ဆွေးနွေးခဲ့ကြသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူ ထောက်ခံသော အနီရောင်အောက်ခံ ရွှေရောင်ဟင်္သာပုံပါ…

ငြိမ်းချမ်းရေးသို့ လူထုအသံစကားဝိုင်းရေးမြို့နယ်တွင်ပြုလုပ်မည်

မော်လမြိုင်၊ ဇွန် ၁၂ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ့ါဝင်သော ငြိမ်းချမ်းရေးသို့ လူထုအသံ “ငြိမ်းချမ်းရေး လူထု စကားဝိုင်း´´ ဟောပြော ဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့နယ်ရှိ မွန်ဓမ္မာရုံတွင် ဇွန်လ(၁၇) ရက်နေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်နေသူများထံမှ သိရသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ (ဒုတိယ ဥက္ကဌ) နိုင်ဟံသာနှင့်အတူ မင်းကျော်ဇေယျာဦး – မွန်အမျိုးသားပါတီ…

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၆ – ၁၇ စာရင်းစစ်အစီရင်ခံစာမှာ အရေးကြီးတွေ့ချက်ရှိပေါင်း ၂၇ ချက်တွေ့ရှိ

မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်နှင့် ဝန်ကြီးဌာနများ၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာကို ၂၀၁၈ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (တတိယနေ့)တွင် မွန်ပြည်နယ်စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည်။ စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် အရေးကြီးတွေ့ရှိချက်ပေါင်း (၂၇)ချက်ရှိပြီး ဝန်ကြီးဌာန (၇)ဌာနတို့ရှိ ဦးစီးဌာနများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း…

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လတာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုသုံးသပ်သလဲ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လ)အထိ ခြောက်လတာ အစီရင်ခံစာကို မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဦးအောင်ကျော်သူက ယခုလို သုံးသပ်ထားသည်။ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် “မြေပြင်မှာလုပ်တာနဲ့ လိုင်စင်ရဖို့လျှောက်တာတွေကတခြားစီဖြစ်နေတယ်။ ဒါတွေကိုမသိဘူးလားမေးရင်သိတယ်။ အရေးယူလားဆိုရင် အရေးမယူဘူး။ အစိုးရရဲ့အစီရင်ခံစာမှာပါတာနဲ့ မြေပြင်အနေအထားကတခြားစီပဲ။ အထွေထွေအုပ်ချုပ်ရေးဌာနက အစိုးရဆီတင်ပြတာတစ်မျိုးလား မြေပြင်မှာလုပ်နေတာကတစ်မျိုးလား ဒါတွေဟာအစိုးရသိဖို့ကောင်းတယ်။ အစီရင်ခံစာဆိုတာက လွှတ်တော်ကိုတင်တယ်ဆိုတာ ပြည်သူလူထုတွေကိုတင်ပြတာ…

နိုင်ငံသားတွေ စိတ်ဝင်စားသင့်တဲ့ ဘဏ္ဍာငွေနဲ့ စီမံကိန်းများ

ဒီအချိန်မှာ လွှတ်တော်နဲ့ အစိုးရအကြား ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွက် စီမံကိန်းတွေ၊ လုပ်ငန်းတွေဆွေးနွေးနေကြတဲ့ ကာလဖြစ်ပါတယ်။ ဒီနေရာမှာ အသံအထွက်ဆုံးကတော့ ရန်ကုန်တိုင်းလို့ ပြောရမှာပါ။ ကိုယ်တွေကတော့ မွန်ပြည်နယ်ကို တစိုက်မတ်မတ်လေ့လာနေဖြစ်လို့ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်က နီးစပ်နေတယ်လို့ ပြောရမှာဖြစ်တယ်။ ဒါပေမယ့်စိတ်ဝင်စားမိတာက အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကရော ဘာလို့ အသံမထွက်နေသလဲဆိုတာကိုပေါ့။ ဆင်ခြင်မိတဲ့ အကြောင်းသုံးခုကို တင်ပြဆွေးနွေးချင်ပါတယ်။…