2016

ရေးမြို့နယ်၌ ၆ လအတွင်း အမှုကြီး ၉ မှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုအများဆုံးဒေသအား မှုခင်းကျဆင်းရေးအဓိက ထားဆောင်ရွက်ပေးနေ

ရေး ၊ ဇူလိုင် ၅ ရေးမြို့နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ အမှုကြီး ၉ မှုဖြစ်ပွားခဲ့ပြီး မှုခင်းအများဆုံးဖြစ်ပွား သည့်ဒေသအား အဓိကထားကာ မှုခင်းကျဆင်းရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရေးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

မော်လမြိုင် သံလွင်တံတားထိပ်အဝိုင်းတွင် တပ်ဆင်ရန် ဟင်္သာရုပ်ထုကို ၂ လ အတွင်းအပြီးလုပ်မည်

မော်လမြိုင်၊ ဇူလိုင် ၇ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် သဘောတူညီချက်ရရှိထားသည့် မော်လမြိုင်သံလွင်တံတာအဝိုင်းထိပ်၌ တပ်ဆင်ရန်အတွက် ဟင်္သာရုပ်ထုအသစ်အား ယနေ့ဇူလိုင်လ ၇ ရက်နေ့မှ စတင်ထုလုပ်မည်ဖြစ်ပြီး နှစ်လ အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်၊

၂၁ ပင်လုံညီလာခံတွင် တင်ပြရန် လူထုထံမှ သဘောာထားအမြင်များ ကောက်ယူမည်ဟု မွန်အရပ်ဘက်အဖွဲ့ တွေ့ဆုံပွဲမှ ဆုံးဖြတ်

မော်လမြိုင်၊ ဇူလိုင် ၇ လာမည့် သြဂုတ်လ နောက်ဆုံးအပတ် ကျင်းပရန်လျာထားသည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံတွင် မွန်ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသည့်အသံ၊ သဘောထားများ တင်ပြရန်အတွက် သဘောထားအမြင်များ ကောက်ယူသွားရန်ဆုံးဖြတ်ခဲ့ကြောင်း မွန်ဒေသအတွင်းရှိ မွန်လူမှုအဖွဲ့အစည်းများ တို့က ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတို့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ကျွဲခြံကျေးရွာရှိ နှစ်ပေါင်း(၁၅၀)သက်တမ်းရှိသော ရှေးဟောင်း တမီလ်ဘုရားကျောင်းကို ဖြိုဖျက်ပြုပြင်ရန် စီစဉ်

ပေါင်၊ ဇူလိုင် ၅ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းနဘေးရှိ နှစ်ပေါင်း(၁၅၀)သက်တမ်းရှိ တမီလ် ဘုရားကျောင်းကို ဖြိုဖျက်ပြုပြင်ရန် စီစဉ်နေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အာဇာနည်နေ့တွင် သထုံမြို့နယ်အရပ်ဘက်အဖွဲ့များစုပေါင်းပြီး ချီတက်အလေးပြုမည်

သထုံ၊ ဇူလိုင် ၇ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့တွင် သထုံမြို့နယ်ရှိ အရပ်ဘက်အဖွဲ့များ စုပေါင်းပြီး ချီတက်အလေးပြုမည်ဖြစ်ကြောင်း သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်ထံမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို ထပ်မံဖွဲ့စည်း

မော်လမြိုင်၊ ဇူလိုင် ၃ မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးမှသိရသည်။

ချောင်းပိတ်ပြီး အိမ်ဆောက်လုပ်ထားသော နေရာအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ လာရောက်ကြည့်ရှု

ပေါင်၊ ဇူလိုင် ၃ ချောင်းနေရာကို ပိတ်ပြီး လူနေအိမ်ဆောက်လုပ်ထားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ် ကွက်အောက်ပိုင်းနေရာသို့ ဇူလိုင်လ(၃)ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ လာရောက်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးကိုးဦးပါသော မုတ္တမဖဲလောင်းကစားမှုအတွက် အိမ်ရှင်အပါအဝင်လူ(၁၀)ဦးကို ထောင်ဒဏ်များချမှတ်

ပေါင်၊ ဇူလိုင် ၅ ၂၀၁၅ခုနှစ် ဇွန်လအတွင်းက မုတ္တမ ရဲစခန်းမှဖမ်းဆီးမှ လောင်းကစားအမှုဖြင့် အရေးယူထားသော အမျိုးသမီးကိုးဦးနှင့် အိမ်ရှင်အမျိုးသားတစ်ဦးတို့၏အမှုကို တစ်နှစ်ကျော်ကြာစစ်ဆေးပြီးနောက် ပေါင်မြို့နယ်တရားရုံးမှ ထောင်ဒဏ်များချမှတ်ခဲ့သည်။

အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်နေသော်လည်း တိုးတက်မှုနှေးဟု ဦးစိုင်းညွန့်လွင်ပြော

မော်လမြိုင်၊ ဇွန် ၁၆ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်ရှိအစိုးရကြားငြိမ်းချမ်းရေးအတွက် ညှိနှိုင်းမှုများမြန်ဆန်သော်လည်း တိုးတက်မှုနှေးနေသည်ဟု သျှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။

မုဒုံမြို့နယ် ဝဲကလိကွင်းလယ်တဲအတွင်း အတင်းအဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မုဒုံ၊ ဇူလိုင် ၂ မုဒုံမြို့နယ်၊ ကွမ်ကဗွီးကျေးရွာ၊ ဝဲကလိကွင်း၊ ကွင်းအမှတ်၈၉၀(က)လယ်တဲတွင် ဇူလိုင်လ(၂)ရက်က အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။