2016

ရေးမြို့နယ်သို့ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ၄ ရက်ကြာ ဒေသခံပြည်သူများအား အခမဲ့လာရောက် ကုသပေးမည်

ရေး ၊ ဇူလိုင် ၁၃ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ၄ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်ရှိနေပြီး လက်ရှိအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူပေါင်း ၄၀၀၀ ကျော်ခန့် ဆေးကုသရန် စာရင်းပေးသွင်းထားပြီးဖြစ်သည်ဟု သိရသည်။

ချောင်းအတွင်း ဒိုင်းကွင်းဖြင့် ငါးဖမ်းနေကြသဖြင့် လယ်ကွက်များရေမြုပ်နေရဟုဆိုကာ လယ်သမားများ စုပေါင်းတိုင်ကြား

ပေါင်၊ ဇူလိုင် ၁၂ ချောင်းအတွင်းတွင် ဒိုင်းကွင်းဖြင့် ငါးဖမ်းနေကြသဖြင့် လယ်ကွက်များ ရေနစ်မြုပ်နေရခြင်းဟု ဆိုကာ ငါးဖမ်းနေသူများအား လယ်သမားများက စုပေါင်းတိုင်ကြားထားကြောင်း သိရသည်။

ရေးဒေသအတွင်း တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံနိုင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် ၁၁ ဦးဖွဲ့စည်း

ရေး ၊ ဇူလိုင် ၁၃ မွန်ပြည်နယ်အစိုးရအပါအဝင် ရေးမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်း ဌာနဆိုင်ရာ များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ထိတွေ့ဆက်ဆံနိုင်ရေး အတွက် ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၁ ဦးကို ဇူလိုင်လ ၁၃ ရက်နေ့ က ရွေးချယ်ခဲ့သည်ဟု သိရသည်။

(၆၉) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မုဒုံမြို့တွင် စည်ကားစွာကျင်းပမည်

မုဒုံ၊ ဇူလိုင် ၁၂ (၆၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မုဒုံမြို့တွင် စည်ကားစွာကျင်းပပြုလုပ်သွားရန်ရှိ ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။ “အာဇာနည်နေ့ကို တရားဝင်အစိုးရကနေပြီး တရားဝင်လုပ်ခိုင်းတဲ့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အတွက်ကြောင့်လည်း ပြုလုပ်ခွင့်ရသာကိုလည်း ဂုဏ်ယူတယ်။ နောင်လာနောက်သားလူငယ် လူရွယ်၊ ကျောင်း သားတွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊ ဘယ်သူတွေလည်း အခမ်းအနားလုပ်ရတာဆိုတာကိုလည်း သိရ တာရယ်၊ ဂုဏ်ပြုထိုက်သူကို နေ့ထူးနေ့မြတ်ကိုသိရစေတယ်။ ကျင်းပဖို့လည်း…

မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)အတွင်းမှ ထင်ထင်ရှားရှားသတင်းများ

(သံလွင်တိုင်းမ်ဂျာနယ်မှ မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ထင်ထင်ရှားရှားရှိခဲ့သည့် သံလွင်တိုင်းမ်ဂျာနယ်မှ ဖော်ပြခဲ့သော သတင်းများအနက်မှ အချို့ကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါ သည်။)

“ကျွန်တော့်ဆီရေးတဲ့စာ”

ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေပြောပြတဲ့ပုံပြင်တွေကို နားထောင်ခဲ့ဖူးကြပါတယ်။ လူ ကြီးဖြစ်လာတဲ့အခါမှာလည်း လူကြီးတွေနဲ့ဆိုင်တဲ့ပုံပြင်တွေကို မိတ်ဆွေသူငယ်ချင်းအချင်းချင်းပြောရင်း ဒါမှ မဟုတ်စာအုပ်တွေထဲကနေ ကျွန်တော်တို့ကြားသိကြရပါတယ်။ အဲဒီပုံပြင်တွေထဲကအချို့ဟာ သဘာဝမ ကျ၊ ယုတ္တိမရှိဘူးလို့ထင်ရပေမယ့် ပုံပြင်အားလုံးလိုလိုကတော့ ကျွန်တော်တို့ကိုခံစားမှုရသတွေပေးရင်း ဘ၀ မှာနေတတ်အောင် ဆုံးမသွန်သင်ပညာပေးပါတယ်။

မော်လမြိုင်က (၃၈)ကြိမ်မြောက် ဝရမ်းကပ်တာ မအောင်မြင်

ပြီးခဲ့ပတ်ထဲမှာ ဖက်ခင်းက ဦးသိန်းအောင်တင်ရဲ့နေအိမ်ကို (၃၈)ကြိမ်မြောက်ဝရမ်းကပ်တာ မအောင်မြင် တာဟာ မွန်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်သလိုဖြစ်သွားတယ်လို့ ဆွေးနွေး ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ဇူလိုင်ထိဆိုရင် ဈေးကြိုအုပ်ချုပ်ရေးမှူးက (၃၈)ကြိမ်လို့ပြောပါတယ်။ ၃၆-ကြိမ်ထိက ဦးပိုင်အမှတ်ကွဲလွဲတယ်၊ (၃၇/၃၈)ကြိမ်မှာကြတော့ ဦးပိုင်အမှတ် မပါလိပ်စာနဲ့လာတယ်လို့ ကိုအောင်လင်း (ဖက်ခင်းအိမ်နေသူ)က ဆိုပါတယ်။ ဦးသိန်းစိန်အစိုး

ငြိမ်းချမ်းရေးအရိပ်အောက်မှ နာခိုရာ

ကရင်ပြည်နယ် မြဝတီခရိုင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)တွင် အစိုးရနှင့် (NCA)လက်မှတ်ထိုးပြီးနောက် စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးသွားသည့် ရွာပေါင်း(၂၀)ကို ဒုက္ခသည်များပြန်လည်နေရာချထားရေးအတွက် လေးကေ့ကော်မြို့သစ်စီမံကိန်းကို ၂၀၁၅ ဖေဖေါ်ဝါရီ(၁)ရက်တွင် တည်ဆောက်ထားသည်။ လူဦးရေ ၄၀၀၀ကျော်၊ အိမ်ခြေ ၁၇၀၀၊ဧကပေါင်း ၇၅၀ရှိပြီး (KNU)နှင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးကောင်စီ ပူးပေါင်းကာအိမ်ခြေ ၂၁၃လုံးဆောက်လုပ်ခဲ့ကာ နီပွန်းဖောင်းဒေးရှင်းအနေဖြင့် အိမ်ခြေ ၂၀၀နီးပါးကို ကူညီဆောက်လုပ်သွားမည်။ ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က…