source: GAYSTARNEWS.COM

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် Donald Trump အောင်နိုင်လိုက်သည့်နောက် လိင်တူချစ်သူများကို မုန်းတီးရာကတဆင့် ဖြစ်ပေါ်လာနိုင်သော ပြစ်မှုများ မြင့်တက်လာနိုင်ကြောင်းကို တက်ကြွလှုပ်ရှားသူများက စိုးရွံ့နေကြခြင်းဖြစ်ပါသည်။

အစွန်းရောက်အယူသီးသူများ ပိုမိုရဲတင်းလာနိုင်ပြီး LGBTI အသိုင်းအဝိုင်ပေါ်တွင်လည်း တိုက်ခိုက်မှု များ မြင့်တက်မှုကို ဦးဆောင် ပေးနိုင်လိမ့်မည်ဟုလည်း ယင်းတို့က ယုံကြည်ကြသည်။

ဇွန်လအတွင်း ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာဖို့ မဲပေးခဲ့သည့်ဖြစ်စဉ်နှောင်းပိုင်း သုံးလအကြာ လိင်တူချင်းချစ်သူများနှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲနေထိုင်လိုသူများကို မုန်းတီးရာကတဆင့် ဖြစ်ပေါ်သော ပြစ်မှုများသည် နှစ်ဆထက်မက ပိုမိုများပြားလာခဲ့သည်။

စစ်တမ်းတစ်ခု၏ ဖော်ပြချက်အရ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွင်း LGBTI အသိုင်းအဝိုင်းကို မုန်းတီးရာကတဆင့် ဖြစ်ပေါ် လာသော ပြစ်မှုများသည် ၁၄၇ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။

LGBTI အသိုင်းအဝိုင်းအတွင်း ပါဝင်သူအများအပြား အဆိုးဆုံးထိခိုက်စဉ်တွင်း ထိုပြစ်မှုများ၏ မီးစသည် လူနည်းစုတို့၏ ဘာသာရေးနှင့် လူမျိုးရေးများကိုပါ ထိခိုက်ခဲ့ဖူးသည်။

“လိင်စိတ်ကိုင်းညွှန့်မှုကြောင့် အဲ့ဒီလူတစ်ယောက်ကို မုန်းတီးတဲ့သူကို ဘယ်နည်းနဲ့ သည်းခံနိုင်စရာအကြောင်းမရှိဘူး” ဟု ဗြိတိန် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအတွင်းရှိ လူမှုကွန်ရက်မီဒီယာအတော်များများပေါ်တွင်လည်း အလားတူ စိုးရိမ်နေကြခြင်းလည်း ဖြစ်ပါသည်။

ဘာသာပြန်ဆိုသူ – မျိုးမြတ်လွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.