ဘားအံ၊ နိုဝင်ဘာ ၇

(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့ အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် နိုဝင်ဘာလ၇ ရက်နေ့နံနက်၇ နာရီအချိန်တွင် ပြုလုပ်ရာ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွှတ်တော်

ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးထင်ကျော်မှ သဝဏ်လွှာပေးပို့သလို ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ လည်း ဖွံ့ဖြိုးတိုးတက်လာမည့် ကရင်ပြည်နယ်အတွက် အားတက်ရပါကြောင်း ယင်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

ကရင်ပြည်နယ်နေ့အစီအစဉ်တွင် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့စာစီစာကုံးပြိုင်ပွဲ (ဗဟိုအဆင့်၊ ပြည်နယ်အဆင့်)ဆု၊ သင်ထောက်ကူသေတ္တာ (ဗဟိုအဆင့်)ဆုနှင့် Electronic Teaching Aids (ဗဟိုအဆင့်) ဆုရကျောင်းသား ကျောင်းသူများအား လည်းကောင်း၊ (၂၂)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ရွှေတံဆိပ် ဆုရရှိ သူများအား လည်းကောင်း၊ စွမ်းဆောင်ရည်ထူးချွန်ဆုရ ရဲတပ်ဖွဲ့ ဝင်များအားလည်းကောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထူးချွန်ဆုများကို လည်းကောင်းဆုများချီးမြှင့်ပေးခဲ့သည်။
logo-f
ကရင်ပြည်နယ်နေ့အခမ်းအနားကို ယခုနှစ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များပြသ ခြင်း၊ ဒုံးပြိုင်ပွဲများကျင်းပခြင်း၊ ငြိမ်းချမ်းရေးပြခန်း၊ ကရင့်ရိုးရာစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ဂျပန်နီပွန်ဖောင်ဒေး ရှင်းပြခန်းများနှင့် ပြည်နယ်အတွင်းရှိ အစိုးရမဟုတ်သောအဖွဲ့များ၊ အရပ်ဘက်အဖွဲ့တို့၏ ပြခန်းများ စုစုပေါင်း (၃၀)ကျော်ခင်းခြင်းပြသခဲ့ကြောင်း သိရသည်။

သတင်း – ဘုန်းထက်၊ ကျော်ရဲထက်
ဓါတ်ပုံ – ကိုကိုထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.