မော်လမြိုင်၊နိုဝင်ဘာ ၁၀

မော်လမြိုင်မြို့ လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း)တွင် အောက်တိုဘာလ(၁၇) ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ခိုးဝင်ဘင်္ဂလီ (၁၂) ဦးကို အလုပ် ကြမ်းနှင့်ထောင်ဒဏ် (၂) နှစ်စီချမှတ်ခဲ့ပြီးနောက် လွတ်မြောက်လာပါက ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဘဂါၤလီများမှာ အသက်(၁၄) နှစ်မှ အသက်(၂၄) နှစ်အထိရှိပြီး ဒိုင်ဝန်းကွင်းနယ်မြေရဲစခန်းမှ ရဲအုပ်အောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း)တွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ(၂) ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“သူတို့က ရခိုင်ပြည်နယ် ကျောက်တော်တို့ မြောက်ဦးတို့က ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကျခံပြီးရင် ရခိုင်ပြည်နယ်ကို ပြန်ပို့မှာပါ။ အသက်ငယ်တဲ့သူတွေ လည်းပါတဲ့အတွက် သူတို့ကိုတော့ လူငယ်သင်တန်းကျောင်းကိုပို့ထားတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က သံလွင်တိုင်းမ်သို့ပြောကြားသည်။

တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး (၁၅) ဦးရှိသည့်အနက် (၁၃) ဦးကိုထောင်ဒဏ်(၂) နှစ်စီချမှတ်ခဲ့ပြီး အသက်မပြည့်သေးသူ (၃) ဦးကို ကလေး သူငယ်အက်ဥပဒေပုဒ်မ-၄၇(ဃ) အရ ထောင်ဒဏ်(၂) နှစ်စီချမှတ်ပြီး ဈေးကြိုရပ်ကွက်ရှိ စမ်းကြီးလူငယ်သင်တန်းကျောင်းသို့ပို့ဆောင်ရန် အမိန်ကချမှတ်ခဲ့ကြောင်း ဦးရှိန်ဝင်းထံမှ သိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း ကျိုက်ထိုမြို့နယ်တွင် ဘင်္ဂါလီ (၉) ဦးဖမ်းဆီးရမိခဲ့ပြီး ထောင်ဒဏ်(၆) လစီချမှတ်ခဲ့ကြောင်း ယခု သက်ပြည့်ဘင်္ဂါလီ (၁၂) ဦးကို (၁၉၄၉) ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများအက်ဥပဒေပုဒ်မ ၆(၂)/၆ (၃) အရ ထောင်ဒဏ်(၂) နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း ဦးရှိန်ဝင်း ကဆိုသည်။
%e1%80%81%e1%80%af%e1%80%ad%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%98%e1%80%82%e1%81%a4%e1%80%ab%e1%80%9c%e1%80%ae
သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.