ဘားအံ၊ နိုဝင်ဘာ ၅

ဘားအံမြို့၊ လှာကာကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် ကရင်ပြည်နယ်၌ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတည်ဆောက် မည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်သည်။<!--more-->

”ဂျပန်၊ တရုတ်၊ အမေရိကန်စတဲ့ နိုင်ငံများမှာ ကျောက်မီးသွေးလောင်စာအသုံးပြုခဲ့ပြီး ချမ်းသာလာခဲ့ တာ။ ချမ်းသာလာမှအသုံးမပြုတော့ဘူး။ ကျွန်မတို့လည်းချမ်းသာလာအောင် ကျောက်မီးသွေးကိုသုံးမယ်။ ကျွန်မကိုယ်ပိုင်ဘိလပ် မြေစက်ရုံဆိုရင်လည်း အကျိုးအမြတ်များဖို့ ကျောက်မီးသွေးကိုသုံးမှာပဲ။ အကယ်၍ ကျွန်မတို့ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ မိဇံမှာဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်။ ကျွန်မအခု ကတည်းကပြောမယ် ကျောက်မီးသွေးသုံးမယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

ပြည်သူများမှ တင်ပြရန်အစီအစဉ်တွင် လှာကာကျေး ရွာအုပ်စု၊ ဇရပ်ဖြူကျောင်းထိုင်ဆရာတော် ဥူးဣန္ဒာစာရက “လက်ရှိစက်ရုံစက်ခေါင်းတိုင်းမှ အငွေ့အသက်တွေကိုဒေသခံတွေကရှုရှိုက်နေရပါတယ်။ အမှတ်(၁)တန်(၉၀၀)ဘိလပ်မြေစက်ရုံ စတင်တည်ဆောက်ခဲ့စဉ်က ဘိလပ်မြေစက်ရုံဖြစ်လာပါက ကျောက်မီး သွေးကို ဘယ်တုန်းအခါမှမသုံးဘူးဟု အမှတ်(၁)စက်မှုဝန်ကြီးဦးတင့်ဆွေ၊ အမှတ်(၂)စက်မှုဝန်ကြီး ဦးအောင် ချစ်၊ ဆောက်လုပ်ရေးဝန်ကြီးဗိုလ်ချုပ်လှထွန်းတို့က ဂတိကဝတ်ပေးခဲ့တယ်”ဟုပြောသည်။

ထို့အပြင် ကျောက်မီးသွေးလောင်စာအသုံးပြုသွားမည့်အစီအစဉ်ကို ထင်သာမြင်သာမှုရှိအောင် ကွင်း ဆင်းပြီးပြည်သူကိုချပြပေးရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုလိုက်နာမှုဆိုင်ရာဆောင်ရွက်ချက်သက်သေခံယူမှုများ နှင့် EME၊ EMA၊ MEE အစရှိသည့် သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှုအခြေအနေများ သိရှိရန်မေးမြန်းခဲ့သည်။

  အမှတ်(၂)တန်(၄၀၀၀)ဘိလပ်မြေစက်ရုံအင်ဂျင်နီယာမှူးကြီးဦးမိုးဝင်းက “ကျွန်တော်တို့ သဘာဝ ဓါတ်ငွေ့လောင်စာမှသဘာဝဓါတ်ငွေ့လောင်စာနဲ့အတူကျောက်မီးသွေးလောင်စာပြောင်းလဲသုံးစွဲခြင်းစီမံကိန်းအတွက် ကမ္ဘာကအသိအမှတ်ပြုထားတဲ့ Clean Coal Technology နည်းပညာတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ် တယ်။ စီမံကိန်းကို ဂျပန်နိုင်ငံ Kawasaki Heavy Industries လီမိတက်နှင့်ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ပတ်ဝန်းကျင်ကျေးရွာ ဒေသခံများစိုးရိမ်နေကြသလို မဟုတ်ပါဘူး ဒီစီမံကိန်းကို နိုင်ငံတကာသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ပြုလုပ်သွားမှာဖြစ်ပါတယ်။ သဘာဝဓါတ်ငွေ့မှကျောက်မီးသွေးလောင်စာပြောင်းလဲ သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး ဓါတ်ငွေ့များကိုလည်း ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတ ၊မြန်မာနိုင်ငံတော် အစိုးရပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ၂၉-၁၂-၂၀၁၅ ရက်နေ့က ထုတ်ပြန်ထား တဲ့ အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာလမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒေသခံ မီဒီယာများ၏မေးမြန်းမှု အပေါ်ပြန်လည်ဖြေကြားခဲ့သည်။

ဓါတ်ပုံ - ကိုကိုထက်(ဘားအံ)
ဓါတ်ပုံ – ကိုကိုထက်(ဘားအံ)

အစီအစဉ်တွင် ဆရာတော်ကကျောက်မီးသွေးလောင်စာအသုံးပြုခြင်းအပေါ် ဒေသခံများထံ သဘော ထားမေးမြန်းရာတွင်တက်ရောက်လာသောပြည်သူများကလုံးဝသဘောမတူကြောင်းကန့်ကွက်ခဲ့ကြသည်။

သတင်း – ကျောက်ရဲထက်၊ဘုန်းထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.