အများထည့်ဝင်ငွေများဖြင့်လုပ်ငန်း လုပ်ကိုင်နေကြရသည့်ကျေးရွာမီးလင်းရေးကော်မတီများအနေဖြင့် ငွေကြေးကိုင်တွယ်သုံးစွဲမှုများတွင်လည်းကောင်း လက်ကျန်ငွေများကို ထားရှိမှုနည်းစနစ် လုပ်ထုံးမညီခြင်းကြောင့်လည်းကောင်း ပြည်သူအများ ယုံကြည်မှုမရှိတော့သည့်အခြေအနေများ ဖြစ်ပေါ်နေပြီး ပေါင်မြို့နယ်ကျွဲခြံကျေးရွာ

မှ မီးလင်းရေးကော်မတီ၏ ငွေစာရင်း ရှင်းတမ်းထုတ်ပြန် ပေးရန် သက်ဆိုင်ရာသို့အကြိမ်ကြိမ်တိုင်ကြား ဖြေရှင်းနေကြရကြောင်းသိရသည်။

“လွန်ခဲ့တဲ့ ၄/၅ လထဲကတိုင်ထားတာကို အခုမှစာရင်းရှင်းစာထုတ်တယ် အသေးစိတ်အချက်လက်မပါဘူး နောက်ပြီး နိုဝင်ဘာ ၂ ရက်နေ့ကမှ ငွေ သိန်း ၁၂၀ ဘဏ်မှာအအပ်ပြတယ် ၊ အရင်တုန်းက သူတို့လှည့်ပတ်ကိုင်တွယ်သုံးစွဲနေတဲ့သဘော ပေါ့ ဒီရှင်းတမ်း အရပဲကြည့်ယင် ငွေသိန်း၁၅၀ ကျော်သူတို့လက်ထဲမှာ ထားထားသေးတာပေါ်နေပါတယ်“ဟ ု ကျွဲခြံရွာသား ကိုငွေရက သံလွင်တိုင်းမ်ကိုပြောသည်။

ကျွဲခြံကျေးရွာတွင် မီးလင်းရေးကော်မတီ အဟောင်း အဖွဲ့ ကို ၂၀၀၉ ခုနှစ်တွင်စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့စဉ် တက်ကြွသူလူငယ် အဖွဲ့က ၂၀၁၅ခုနှစ်အတွင်းတွင် မီတာတပ်ဆင် ခလျော့ချပေးရန်တောင်းဆိုသည်ကို ကော်မတီကအကြွေးများရှိနေသည်ဆိုသည့်အကြောင်းပြချက် ဖြင့် လျော့မပေးခဲ့ပဲ နှစ်ဖက်ပြသနာဖြစ်ခဲ့ကြပြီးနောက်ပိုင်း တက်ကြွသူလူငယ်အဖွဲ့ က မီးလင်းရေးကော်မတီလုပ်ငန်းများအားလွှဲပြောင်းရယူလုပ်ကိုင်နေခဲ့သည်၊ မီးလင်းရေးကော်မတီအသစ်လက်ထက်တွင် မီတာတပ်ဆင်ခ ကို ၂သိန်းခွဲကျပ်အထိလျော့ချတပ်ဆင်ပေးခဲ့သော်လည်း ၊ ယခင်ကော်မီတီက လုပ်ငန်းလိုအပ်ချက်အရ ချေးယူထားသော မီးသုံးစွဲသူအိမ်တစ်အိမ် လျှင် တစ်သိန်းကျပ်နှုံးချေးငွေကိစ္စ ပြသနာပေါ်လာသည့်အပြင် မီးကော်မတီအသစ် အနေဖြင့်ငွေကြေးများကိုဘဏ်တွင်မအပ်ပဲ ၎င်းတို့လက်တွင် ကိုင်တွယ်

ထားသည့်ကိစ္စ သက်ဆိုင်ရာသို့အကြိမ်ကြိမ်တိုင်ကြားခံရသည်။စာရင်းရှင်းတမ်းထုတ်ပြန်မှုတစ်ကြိမ်သာပြုလုပ်ခဲ့ပြီးနောက်ပိုင်း ထုတ်ပြန် မှုမရှိတော့ကြောင်းသိရသည်။

မြို့နယ်စီ/ခန့်အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ မီးကော်မတီအသစ်မှငွေစရင်းရှင်းတမ်းထုတ်ပြန်ခဲ့ရာ ထိုသို့မထုတ်ပြန်မီ ၃ရက် အလိုတွင် ငွေကျပ် သိန်း၁၂၀ ကိုဘဏ်သို့အပ်နှံထားခြင်းကိစ္စ အသေးစိတ်အချက်အလက်မပါသည့်ကိစ္စ ၊၎င်းတို့လက်ထဲတွင်ငွေကျပ် သိန်း၁၅၀ ကျော်ထားရှိဆဲကိစ္စ တို့အားပြည်သူများက မကျေနပ်ဖြစ်နေကြဆဲဖြစ်ကြောင်းသိရသည်။

မီးကော်မတီအသစ်အဖွဲ့မှဥက္ကဌဦးနိုင်ဦး အားတွေ့ဆုံမေးမြန်းခဲ့ရာတွင်“အခုစာရင်းရှင်းတမ်းထုတ်ပြန်ပေးထားတယ် သူတို့မသိတာရှိယင်မေးပေါ့ ရှင်းတမ်းကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲလုပ်ထားတယ် အချက်၁၂ချက်ပါတဲ့ကော်မတီ လုပ်ထုံးအညီပဲ လက်ထဲမှာငွေထားတဲ့ကိစ္စကတော့ လုပ်ငန်းလုပ်ဖို့လှည့်ပတ်ငွေ ထားရတဲ့ လုပ်ထုံးလုပ်နည်းအရပါ“ ဟု ဖြေဆိုထားပြီး ထိုကော်မတီမှ စာရင်းစစ်တာဝန်ယူထားသူ ဦးကိုကိုနိုင် ကပြောကြားရာတွင် “ဒီမနက်ကပဲ ကျွန်တော်က ကိုနိုင်ဦးကိုပြောခဲ့ပါတယ် လက်ထဲမှာသိန်း၁၅၀ လောက်ထားထားတာ များနေတယ် ဒီလောက်တော့လက်ထဲမှာ မထားသင့်ဘူး“ ဟုနိုဝင်ဘာ ၅ရက်နေ့က ပြောဆိုခဲ့သည်။

မီးလင်းရေးကော်မတီများ၏ ပြသနာများမှာ ကျေးရွာအတော်များများတွင်ဖြစ်နေပြီး လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့်တွေ့ဆုံပွဲတွင်လည်းတင်ပြ မှုများပြားခဲ့သဖြင့်“ ကျွန်မတို့ ၁၁ လပိုင်းလွှတ်တော်မှာ မီးလင်းရေးကော်မတီကိစ္စများကို တင်ပြမယ်အစိုးရကတာဝန်ယူလုပ်ကိုင်လိုက်ယင်တော့ အကောင်းဆုံးဖြစ်သွားမယ်လို့ ယုံကြည်ပါတယ်“ဟုပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်မိကွန်ချမ်း က ချပြပြောဆိုခဲ့သည်။

ဝရဇိန် – ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.