မြဝတီ၊ နိုဝင်ဘာ ၁၄

ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မြို့တွင် နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် လှည့်ကင်းဆောင်ရွက်နေသည့်ပူးပေါင်းအဖွဲ့မှ ထိုင်းဘတ်ငွေအတုကိုင်ဆောင်သူအား ဖမ်းဆီးရမိ၍ ဆက်လက် ဖော်ထုတ်ရာမှပူးပေါင်းပါဝင်သူ(၂)ဦးကိုပါ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း

သတင်း ရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁၄)ရက်နေ့နံနက်(၃)နာရီအချိန်ခန့်တွင် မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း

လှည့်ကင်းဆောင်ရွက်နေသော နယ်ခြားစောင့်တပ်မှတပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်း ဆောင်ရဲအုပ်မျိုးကျော်ဦးစီးအဖွဲ့နှင့် မြဝတီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရပ်ကွပ်အုပ်ချုပ်ရေး အဖွဲ့များ နှင့် အတူလှည့်ကင်းဆောင်ရွက်နေစဉ် မြဝတီမြို့၊အမှတ်(၂)ရပ်ကွပ်အရောက် အချိန်မတော်တွေ့ရှိသူအမျိုးသား

တစ်ဦးအားမေးမြန်းစစ်ဆေးရာ အောင်လင်းစိုးဖြစ်ကြောင်းသိရှိရပြီး ၎င်းအားသက်သေများရှာဖွေရာ စစ်ဆေး ရာမှ ၎င်းလွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ ထိုင်းဘတ်ငွေ (၁၀၀၀) တန် နံပါတ်တူ (၁၁)ရွက်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

ထို့နောက်ပူးပေါင်းအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်အရ ထိုင်းဘတ်ငွေအတု ပြုလုပ်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်သော ဘသိန်းအောင်နှင့်အေးကျော်တို့(၂)ဦးကိုပါ သက်သေခံပစ္စည်များနှင့် အတူအချိန်မှီ ဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ထိုင်းဘတ်ငွေ အတုပြုလုပ်သူ (၃)ဦးအား မြဝတီ မြို့မရဲစခန်း (ပ) ၅၆၅/၂၀၁၆၊ ပုဒ်မ ၄၈၉-က/၄၈၉-ခ/၄၈၉-ဂ အရ အမှုဖွင့်အရေးယူထားပြီး မြဝတီ မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

သတင်း – မင်းထက်/ဘုန်းထက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.