အသက်၁၆နှစ်ဝန်းကျင် သက်ငယ် မိန်းကလေးပျောက်ဆုံးမှု ပေါင်မြို့နယ်အတွင်းဆက်တိုက်ဖြစ်ပွားနေပြိး ရဲစခန်းများသ ို့ လူပျောက်တိုင်ကြားခြင်းပြုလုပ်တိုင်ကြားမှု ကြောင့်ပြန်လည်တွေ့ရှိမှုများရှိသလို ၊ပျေက်ဆုံးနေဆဲ မိန်းကလေးများလည်းရှိနေသေးကြောင်းရဲတပ်ဖွဲ့သို့မေးမြန်းအတည်ပြုသိရသည်။<!--more-->

အင်တာနက် ဖေ့ဘုတ် အသုံးပြုသူ မိန်းကလေးများအားရင်းနှီးအောင်ပြုလုပ်ပြီးတစ်နေရာတွင်တွေ့ဆုံရန် ချိန်းဆိုမှု ပြုလုပ်ကာ ရပ်ဝေးဒေသများသို့ခေါ်ယူသွားမှုများရှိနေပြီး ၊သားမယားအဖြစ် ပေါင်းသင်းမှုများရှိသကဲ့သို့ အသက်မပြည့်သူကိုကို ခိုးယူပေါင်းသင်းမှုကြောင့်တည်ဆဲဥပဒေ အရအရေးယူ ခံရမှုများရှိနေသည် စုံစမ်းဖေါ်ထုတ်မရသေးသော မိန်းကလေးပျောက်ဆုံးမှုများလည်းရှိနေသေးသည်ဟုသိရသည်။

“ကျွန်တော်တို့စခန်းအပိုင်မှာတော့ ၂၀၁၆ နှစ်စကနေဒီနေ့အထိလူပျောက်မှု ၉ ခုလာတိုင်ထားတယ် ၆မှုကိုကူညီစုံစမ်းရရှိခဲ့လို့ မိဘဆီပြန်အပ်ပေးခဲ့တယ် အချို့မိဘတွေကတော့သူ့သမီးရဲ့အသက်မပြည့်တာဆိုတော့ခေါ်သွားတဲ့ လူကို ဥပဒေအရ အမှုတိုင်ကြားထားတာလည်းရှိပါတယ်“ ဟု မုတ္တမ နယ်မြေရဲစခန်းမှုး ရဲအုပ်သိန်းလွင်က အောက်တိုဘာ ၂၅ ရက်နေ့က သံလွင်တိုင်းမ် သို့ပြောဆိုခဲ့သည်။

ယခုရက်ပိုင်းအတွင်း မုတ္တမ၊မြို့ မှအသက်၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးဖြစ်သည့်မဆန်းဆင့်ဆင့်ထွန်း ပျောက်ဆုံးနေမှုအားရဲက စုံစမ်းစဉ် ကျိုက်မရောမြို့နယ်ရန်မျိုးအောင် ၅ ရပ်ကွက်မှ အောင်မျိုးနိုင်ဆိုသူ ခိုးယူပေါင်းသင်းနေကြောင်း တွေ့ရသဖြင့်မိန်းကလေး၏ အုပ်ထိန်းသူမှ  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၆၆ တို့အရ အရေးယူထားခြင်း ပေါင်မြို့ ကဒုံစီးရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ် မအေးမြတ်မွန် နှင့် မမိငယ်တို့ ၂ဥိးပျောက်ဆုံးမှုအား ကျိုက်ထုမြို့မှလူငယ် ၂ဦးလာရောက်ခေါ်သွားကြောင်းသတင်းအရ ပေါင်ရဲစခန်းက ရဲအုပ်သက်စိုးဦးနှင့်အဖွဲ့က ကူညီစုံစမ်းပြန်လည်ခေါ်ယူလာနိုင်ခဲ့ပြီးအောက်တိုဘာ ၂၄ ရက်နေ့က မိဘများထံပြန် လည်အပ်နှံပေးနိုင်ခဲ့သည်။

ပေါင်မြို့ မိုးနှိုင်းရပ်ကွက်မှ မ အေးသက်နွယ် ပျောက်ဆုံးမှု နှင့်ပတ်သက်၍ ကော့သောင်းမြို့သို့ရောက်နေကြောင်း သတင်းရထားသော်လည်း ၎င်း၏ လက်ကိုင်ဖုန်းအားအခြားသူ တစ်ဦးကကိုင်ထားကြောင်း ဆက်သွယ်ရာမှသိရသော်လည်း တိကျသောအဖြေမရသေးကြောင်းသိရသည်၊ ထို့နည်းတူပင် မုတ္တမ ရဲစခန်းအပိုင်မှ လူပျောက်မှု ၉မှုအနက် ၃မှုကို စုံစမ်းရရှိမှုမရှိသေးကြောင်းသိရသည်။

မိန်းကလေးငယ်များပျောက်ဆုံးနေမှုအား ထပ်မံမဖြစ်ပေါ်စေရေးအတွက် ပေါင်မြို့နယ်ရဲတပ်ဖွဲ့သို့ အစီအမံမည်သို့ရှိကြောင်းမေးမြန်းခဲ့ရာ“ခေတ်ကာလအရ မိန်းကလေးတွေက ဆယ်ကျော်သက်အရွယ်မှာပဲ စိတ်ကစားလာကြတယ် မိဘတွေအနေနဲ့သူတို့ရဲ့ပြောင်းလဲလာမှုကိုဂရုတစိုက် စောင့်ကြည့်ပြီးထိန်းကျောင်းသင့်တယ်၊အကယ်၍ သမီးမိန်းကလေးပျောက်ဆုံးတယ်ဆိုယင်လည်းအချိန်နဲ့တပြေးညီ နီးစပ်ရာရဲစခန်းကို ချက်ချင်းတိုင်ဖို့လိုတယ် ရဲစခန်းချင်းချိတ်ဆက်ပိတ်ဆို့နိုင်အောင်လို့ပါ ၊မှုခင်းကျဆင်းရေးဟောပြောပွဲတွေမှာလည်း ထည့်သွင်းဟောပြောကြဖို့တိုက်တွန်းချင်တယ်။ အသစ်ပြောင်းလဲပြဌာန်းထားတဲ့ဥပဒေတွေအရ မိန်းကလေရဲ့အ

သက်က ၁၆ နှစ်အောက်ကို ခိုးယူပေါင်းသင်းရင် မုဒိမ်းမှု၊ ၁၈ နှစ်အောက်ဆိုယင် အရွယ်မရောက်လူခိုးမှု ဖြစ်နေတယ် ယောက်ကျားလေးတွေကလည်း ဒီအချက်ကိုသတိထားဖို့လိုတယ်“ ဟု ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှုး ဒုရဲမှုး မိုးကျော်ဦးက ရှင်းပြခဲ့သည်။

ပေါင်မြို့နယ်တွင် ၂၀၁၆ ခုနှစ် ဇန္နဝါရီလမှစ၍ မိန်းကလေးငယ်များပျောက်ဆုံးမှု ရဲစခန်းသို့တိုင်ကြားခြပ်း ၁၅ မှုရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသော်လညိး ရဲကိုတိုင်ကြားမှုမရှိသော အမှုဖြစ်စဉ်များလည်းရှိနေကြောင်းသိရသည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.