The Strait Times

ပတ်ဝန်းကျင်နှင့်ရေအရင်းအမြစ်ဝန်ကြီး Masagos Zulkifli က နေရောင်ခြည်မှတဆင့် လျှပ်စစ်ထုတ်လုပ်သော ဆိုလာစနစ် ၁၀ မျိုး ပါဝင်သည့် ကမ္ဘာအကြီးဆုံး နေရောင်ခြည်မှတဆင့် လျှပ်စစ်ထုတ်လုပ်သော ပေါလောပေါ်ဆိုလာဆဲလ်အောက်ခံပြားကို အောက် တိုဘာ ၂၅ ရက်၊ အင်္ဂါနေ့၌ စင်ကာပူနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ ဆိုလာစနစ်အသီးသီးသည် အမြင့်ဆုံး လျှပ်စစ်ပမာဏ ၁ ကီလိုဝပ်ကို ထုတ်လုပ်နိုင်စွမ်းရှိပြီး အာရုံခံကိရိယာ ၁၀၀ နှင့် လေ့လာသွားမည် ဖြစ်ပြီး တစ်ခုနှင့်တစ်ခုဆန့်ကျင်ပြီးမှ ရရှိလာမည့်အဖြေများကိုလည်း မှတ်သားထားမည်ဖြစ်သည်။ ထိုပေါလောပေါ် စနစ်ကိုဖြင့် Tengeh ရေလှောင်တမံ၌ တည်ဆောက်ထားသော အမြင့်ဆုံး လျှပ်စစ် ၂၀ ကီလိုဝပ်ထုတ်လွှတ်ပေးနိုင်သော ခေါင်မိုး ထိပ်စနစ်နှင့် နှိုင်းယှဉ် သွားမည်ဖြစ်သည်။ နောက်ဆုံးတွင် အဆိုပါစနစ်နှစ်ခု၏ နှိုင်းယှဉ်ချက်များကို ကြည့်ကာ ကောင်းမွန်မည့် စနစ် တစ်ခု ကို အမြင့်ဆုံး ၂ မီဂါဝပ်ထုတ်လုပ်နိုင်စွမ်း၏ ကြီးမားသော ဥပမာတစ်ခုအဖြစ်ထားရှိမည်ဖြစ်သည်။

စမ်းသပ်အောက်ခံပြားသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသယ်ယူပို့ဆောင်ရေးနှင့် national water agency PUB တို့၏ ခြေလှမ်းတစ်ခုဖြစ် သည်။ မြောက်များစွာသော ဆိုလာစနစ်များ၏ သိပ္ပံနည်းကျစမ်းသပ်မှုကိုလည်း Seris အမည်ရှိ စင်ကာပူနိုင်ငံ၏ ဆိုလာ စွမ်းအင်ရှာ ဖွေလေ့လာရေးသင်တန်းကျောင်းမှ ပြုလုပ်သွားရန်လည်းရှိသည်။ ပေါလောပေါ်ဆိုလာစနစ်၏ ဆဲလ်များက စင်ကာပူနိုင်ငံအတွက် နေ ရောင်ခြည်စွမ်းအင်ကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ခေါင်မိုးနေရာအကန့်အသတ်များကြောင့် ထိုတီထွင်မှုက ပိုမိုပြီးဆွဲဆောင်မှုအရှိဆုံးဖြစ်ခဲ့သည်။
the-strait-times
ပြီးခဲ့သော လေ့လာဆန်းစစ်ချက်များ၏ အကြံပေးချက်များအရ ပေါလောပေါ်ဆိုလာစနစ်သည် အပူပိုင်းဒေသအတွင်းရှိ ခေါင်မိုးတပ် စနစ်များထက်ကို ၂၀ ရာခိုင်နှုန်းခန့် အကျိုးဖြစ်ထွန်းပြီး သမဒေသများအတွက် ၅ ရာခိုင်နှုန်းအကျိုးဖြစ်ထွန်းသည်။

ဘာသာပြန်သူ – မျိုးမြတ်လွင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.